Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စားလို့အရမ်းကောင်းတဲ့ လက်ဖက်ပုစွန် ထမင်းကြော်

Unicode >>>>


စားလို့အရမ်းကောင်းတဲ့ လက်ဖက်ပုစွန် ထမင်းကြော်


ထမင်းကြော်ကို ပုံစံတစ်မျိုးနဲ့စားချင်သူများ၊ စားနေကြပုံစံမဟုတ်ဘဲ အသစ်အဆန်းလေးစားချင်သူများအတွက် အောက်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့  လက်ဖက်ပုစွန်ထမင်းကြော်ကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ပုစွန်၊ ထမင်း၊ လက်ဖက်၊ ကြက်ဥ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ငံပြာရည်၊ ဆီ၊ ကြက်သားမှုန့်၊ ရှောက်ရွက်တို့ လိုအပ်ပါမယ်။


Dried Tea Leaves လက်ဖက်ခြောက်လုပ်ငန်းများ (၂၉၂) ခုကိုရှာရန်နှိပ်ပါ။


ပထမဦးဆုံး  ပုစွန်ကို အခွံနွှာပြီး ဆေးကြောသန့်စင်ထားပါ။


ပြီးလျှင်  ကြက်သွန်ဖြူအခွံနွှာ နုပ်နုပ်စဉ်းပြီး ဆီသတ်ထားပါ။


ပြီးနောက် ကြက်သွန်ဖြူ အနံ့မွှေးလာပြီဆိုလျှင် ကြက်ဥထည့်ပြီး မွှေပေးပါ။


Read More >>>>>  အငန်စားခြင်း၏ ဆိုးကျိုးများ


ကြက်ဥ ကျက်ပြီဆိုလျှင်တော့ ပုစွန်၊ လက်ဖက်နှင့် ပါးပါးလှီးထားတဲ့ ငရုတ်သီးတို့ကို ထည့်လိုက်ပါ။


ပြီးလျှင် အရသာများနှင့် ထမင်းထည့်ပါ။


ပြီးနောက် ထမင်းလည်းကျက်ပြီး အရသာလည်း ပြည့်စုံပြီ ဆိုလျှင်တော့ ပန်းကန်ပြားထဲထည့် ပါးပါးလှီးဖြတ်ထားတဲ့ ရှောက်ရွက်များထည့်ပြီး  လက်ဖက်ပုစွန်ထမင်းကြော်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။


#Myanmar Food Industry Directory

 

Zawgyi>>>>

 


 


 


 


 






 


 


 


 


 


Read times Last modified on Tuesday, 10 March 2020 15:34
Rate this item
(0 votes)