Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းစားမြိန်စေမယ့် ဝက်ပုန်းရည်ကြီးဟင်း

Unicode >>>>>

 

ထမင်းစားမြိန်စေမယ့် ဝက်ပုန်းရည်ကြီးဟင်း


လူကြီးများနဲ့ ကလေးများ ကြိုက်နှစ်ကြပြီး လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ဟင်းချက်နည်းကတော့ ဝက်ပုန်းရည်ကြီးအချိုချက်နည်းပဲဖြစ်ပါတယ်။


လိုအပ်မည့်အမယ်များကတော့ ဝက်သားသုံးထပ်သား၊ ဆား အနည်းငယ်၊ သကြား အနည်းငယ်၊ ကြက်သားမှုန့် အနည်းငယ်၊ ချင်း အနည်းငယ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ နှင့် ပုန်းရည်ကြီး အနည်းငယ်တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ဝက်သားသုံးထပ်သားကို အဆီအခေါက်အသား ပါအောင် လှီးပြီးတော့ ရေစင်အောင်ဆေးကြောပါ။


Can Making သံဘူးခွံရရှိနိုင်သည့်ဆိုင်များ (၂၂) ခုကိုရှာရန်နှိပ်ပါ။


ပြီးလျှင် ဆား၊ သကြား၊ ကြက်သားမှုန့်တို့နှင့် နယ်ထားလိုက်ပါ။ ပြီးနောက် ချင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ညက်ညက်ထောင်းထားပါ။


ပြီးနောက် ဒယ်အိုးထဲကို ဆီနည်းနည်းထည့်ပါ။ ဆီပူလာပြီဆိုရင် ချင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ထောင်းထားတာတွေ ထည့်လိုက်ပါ။


ပြီးလျှင် ဝက်သားနယ်ထားတာတွေ ထည့်လိုက်ပါ။ ပြီးနောက် ရေနည်းနည်းထည့်လိုက်ပါ။ ရေမခမ်းခင် ဝက်သားကို နူးမနူး စမ်းကြည့်ပါ။ မနူးသေးလျှင် ရေထပ်ထည့်ပါ။ နူးပြီဆိုလျှင် ပုန်းရည်ကြီးကိုထည့်ပြီး မွှေပေးပါ။


Read More >>>>>   နေ့လည်စာကို ကျန်းမာရေးအညီဘယ်လိုစားကြမလဲ ????


စိတ်ကြိုက်ပုန်းရည်ကြီးထည့်ပြီးလျှင် အရသာမြည်းစမ်းကြည့်ပါ။ ဝက်ပုန်းရည်ကြီး ဆီပြန်လာလျှင် တော့ ထမင်းပူပူလေးနဲ့ အသင့်စားသုံးနိုင်ပါပြီ။

 

Myanmar Food Industry Directory

 

 

 

Food HomeP

 

 

ထမင္းစားၿမိန္ေစမယ့္ ဝက္ပုန္းရည္ႀကီးဟင္း

 

လူႀကီးမ်ားနဲ႕ ကေလးမ်ား ႀကိဳက္ႏွစ္ၾကၿပီး လြယ္လင့္တကူ ခ်က္ျပဳတ္ႏိုင္တဲ့ ဟင္းခ်က္နည္းကေတာ့ ၀က္ပုန္းရည္ႀကီးအခ်ဳိခ်က္နည္းပဲျဖစ္ပါတယ္။

 

လိုအပ္မည့္အမယ္မ်ားကေတာ့ ၀က္သားသံုးထပ္သား၊ ဆား အနည္းငယ္၊ သၾကား အနည္းငယ္၊ ၾကက္သားမႈန္႔ အနည္းငယ္၊ ခ်င္း အနည္းငယ္၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ ႏွင့္ ပုန္းရည္ႀကီး အနည္းငယ္တို႔ လုိအပ္ပါမယ္။

 

ပထမဦးဆံုး ၀က္သားသံုးထပ္သားကို အဆီအေခါက္အသား ပါေအာင္ လွီးၿပီးေတာ့ ေရစင္ေအာင္ေဆးေၾကာပါ။

 

Can Making သံဘူးခြံရရွိႏုိင္သည့္ဆိုင္မ်ား (၂၂) ခုကိုရွာရန္ႏွိပ္ပါ။

 

ၿပီးလွ်င္ ဆား၊ သၾကား၊ ၾကက္သားမႈန္႔တို႔ႏွင့္ နယ္ထားလိုက္ပါ။ ၿပီးေနာက္ ခ်င္း၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ ညက္ညက္ေထာင္းထားပါ။

 

ၿပီးေနာက္ ဒယ္အိုးထဲကို ဆီနည္းနည္းထည့္ပါ။ ဆီပူလာၿပီဆိုရင္ ခ်င္း၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ ေထာင္းထားတာေတြ ထည့္လိုက္ပါ။

 

ၿပီးလွ်င္ ၀က္သားနယ္ထားတာေတြ ထည့္လိုက္ပါ။ ၿပီးေနာက္ ေရနည္းနည္းထည့္လိုက္ပါ။ ေရမခမ္းခင္ ၀က္သားကို ႏူးမႏူး စမ္းၾကည့္ပါ။ မႏူးေသးလွ်င္ ေရထပ္ထည့္ပါ။ ႏူးၿပီဆိုလွ်င္ ပုန္းရည္ႀကီးကိုထည့္ၿပီး ေမႊေပးပါ။

 

Read More >>>>>   ေန႕လည္စာကို က်န္းမာေရးအညီဘယ္လိုစားၾကမလဲ ????

 

စိတ္ႀကိဳက္ပုန္းရည္ႀကီးထည့္ၿပီးလွ်င္ အရသာျမည္းစမ္းၾကည့္ပါ။ ၀က္ပုန္းရည္ႀကီး ဆီျပန္လာလွ်င္ ေတာ့ ထမင္းပူပူေလးနဲ႕ အသင့္စားသံုးႏိုင္ပါၿပီ။

 


Myanmar Food Industry Directory

Read times Last modified on Thursday, 12 March 2020 17:20
Rate this item
(0 votes)