Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


တောင်သူလယ်သမားများသို့ အသိပေးနှိုးဆော်ချက်

တောင်သူလယ်သမားများသို့ အသိပေးနှိုးဆော်ချက် The Asean Post

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်ထိန်းသိမ်းထားသော ရေလှောင်တမံအများစုတွင် (၂၀၂၀) ပြည့်နှစ် မိုးရာသီအတွင်း စီးဝင်ရေ ပမာဏမှာ ယခင်နှစ်များက ကာလတူပမာဏထက် နည်းပါးလျက်ရှိသည့်အတွက် သိုလှောင်ရေပမာဏ မှာလည်း လျော့နည်းကျဆင်းလျက် ရှိပါသည်။

 

ထို့ပြင် ယခုနှစ်မိုးရာသီတွင် မိုးရွာသွန်းမှုနည်းပါး ခြင်းကြောင့် ပုံမှန်မိုးစပါးစိုက်ပျိုးရေပေးဝေခြင်းအပြင် ယခင်မိုးစပါးစိုက်ပျိုးရေပေးဝေရန် မလိုအပ်သည့် မိုးကောင်းသောဒေသများတွင်လည်း ဖြည့်စွက်ရေများ ပေးဝေနေရသည့် အခြေအနေများ ကြုံတွေ့နေရ ပါသဖြင့် ယခုနှစ် လျာထားမိုးစပါးစိုက်ဧကများ ပြည့်မီစွာ စိုက်ပျိုးရေပေးဝေနိုင်ရန်နှင့် လာမည့်နွေစပါးရာသီတွင်လည်း ဆည်အတွင်း ကျန်ရှိ သိုလှောင်ရေဖြင့် နွေစပါးနှင့် အခြား သီးနှံများ ယခင်နှစ် လျာထားပမာဏများအတိုင်းပြည့်မီစွာ စိုက်ပျိုးရေပေးဝေနိုင်ရန်နှင့် သောက်သုံးရေ လုံလောက်စွာ ပေးဝေနိုင်ရန်အတွက် ရေအသုံးချသူများ အဖွဲ့များနှင့်အတူ ဆည်ရေကို စနစ်တကျ ချွေတာသုံးစွဲလျက်ရှိသည့်အပြင် အားလုံး သောတောင်သူလယ်သမား များနှင့် ပြည်သူများမှလည်း မိမိတို့ဝန်ကြီးဌာနအောက်ရှိသက်ဆိုင်ရာဌာနများနှင့်အတူ ဝိုင်းဝန်းပူးပေါင်း ပါဝင် ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

 

118308770_3098411780286667_1579869354912210225_o.jpg

 

By Myanmar Food Guide

 

Moi.Gov

Read 821 times
Rate this item
(0 votes)