Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကော့သောင်းနယ်စပ်၌ တရားမဝင်ရေထွက်ပစ္စည်းများ ပိုင်ရှင်မဲ့ဖမ်းဆီးရမိ

ကော့သောင်းနယ်စပ်၌ တရားမဝင်ရေထွက်ပစ္စည်းများ ပိုင်ရှင်မဲ့ဖမ်းဆီးရမိ Moi.Gov

ကော့သောင်းနယ်စပ်မှတဆင့် ရေထွက်ကုန်ပစ္စည်းများ ပြည်ပသို့ တရားမဝင် တင်ပို့မှုမရှိစေရေး သတိပြု ကြပ်မတ် စစ်ဆေးမှုများ စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၂ရက်နေ့ နံနက်ပိုင်းက ကော့သောင်းခရိုင် ငါးလုပ်ငန်း ဦးစီးဌာနနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင် ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်စဉ် ကော့သောင်းမြို့ ၊ရွှေဟင်္သာရပ်ကွက်၊ ကျောက်တံတားဆိပ်ကမ်းတွင် တဖက်နိုင်ငံသို့ တရားမဝင်တင်ပို့ ရောင်းချရန် စုပုံထားရှိသည့် ရေထွက်ကုန်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပါတယ်။

 

 

Htone-Bayin-Kyaw-HtinBetel-Nuts--Assortments_0113_Food.png

 

သိမ်းဆည်းရမိသည့် ရေထွက်ကုန်ပစ္စည်းများမှာ ကဏန်းမဲ(အရှင်၃၅၀)ကီလို၊ ဂျင်းခရု(၈၀၀)ကီလိုနှင့် မိုင်ဒါး (အရှင်အကောင် ၁၀၀ (၄၀)ကီလို တို့ဖြစ်ကြပြီး ရှားပါးရေသတ္တဝါဖြစ်သည့်မိုင်ဒါးအရှင် အကောင်(၁၀၀) အား သဘာဝရေပြင်သို့ဘေးမဲ့ပြန်လည်လွှတ်ပေးခဲ့ကြပြီး ကျန်ရေထွက် ပစ္စည်း များအား မြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေ အရ နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်း နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

By Myanmar Food Guide

 

Moi,Gov

Read times Last modified on Monday, 24 August 2020 16:56
Rate this item
(0 votes)