Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အချိန်နှင့်တစ်ပြေးညီ အကောင်းဆုံး ဝန်ဆောင်မှု ပေးလျက်ရှိသည့် စိုက်ပျိုးရေး CALL CENTER

အချိန်နှင့်တစ်ပြေးညီ အကောင်းဆုံး ဝန်ဆောင်မှု ပေးလျက်ရှိသည့် စိုက်ပျိုးရေး CALL CENTER Google

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနသည်

မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍတွင် အဓိကပါဝင်နေသော တောင်သူ လယ်သမားများ၏ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်၊ တောင်သူများ နေ့စဉ်ကြုံတွေ့နေရသော စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲ ပြဿနာများကို နည်းပညာအရ ကူညီဖြေရှင်းပေးနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန Call Center ကို နေပြည်တော် ရုံးအမှတ် (၄၃)၌ ဖွင့်လှစ်ထားရှိရာ ၂၀၁၇ ခုနှစ် ဇူလိုင် ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၃၁ ရက်အထိ Hot line ဖြင့် ၁၂၃၈ ကြိမ်၊ Viber ဖြင့် ၁၅၈၇ ကြိမ်၊ Facebook ဖြင့် ၁၄၂၅ ကြိမ်၊ ကြိုးဖုန်းဖြင့် ၁၀၈၅ ကြိမ် စုစုပေါင်း ၅၃၃၅ ကြိမ် မေးမြန်းခဲ့ရာတွင် သီးနှံကာကွယ်ရေးဆိုင်ရာ အကြိမ် ၁၀၀၀၊ မြေအသုံးချရေး ဆိုင်ရာ ၅၄၄ ကြိမ်၊ မျိုးစေ့ဆိုင်ရာ ၂၆၄ ကြိမ်၊ စိုက်ပညာဆိုင်ရာ အကြိမ် ၁၂၁၀၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝ ဆိုင်ရာ ၇၈၃ ကြိမ်၊ စက်မှုသီးနှံဆိုင်ရာ ၄၃၂ ကြိမ်၊ အထွေထွေ ဆိုင်ရာ ၁၁၀၂ ကြိမ်တို့ကို ဖြေကြားဆောင်ရွက်ပေးခဲ့တယ်လို့ သိရသည်။

 

စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ ဌာနခွဲများမှ ဝန်ထမ်း ၄၉ ဦးကို အဖွဲ့တစ်ဖွဲ့လျှင် ခုနစ်ဦး နှုန်းဖြင့် Call Center ဖြေကြားသူများအဖြစ် ဖွဲ့စည်းတာဝန်ချထားပြီး တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ပတ်လျှင် တစ်ဖွဲ့စီ အလှည့်ကျ တာဝန်ထမ်းဆောင်ကြသည်။

 

ပညာရှင် အရာထမ်း ၁၂ ဦးကို Contact Person အဖြစ် တာဝန် ပေးထားကာ Call Center က မေးမြန်း လာသော မေးခွန်းများကို သက်ဆိုင်ရာဌာနခွဲအလိုက် Contact Personများနှင့် ချိတ်ဆက်ပြီး အလှည့်ကျဝန်ထမ်းများက အချိန်နှင့်တစ်ပြေးညီ ပြန်လည်ဖြေကြားပေးခြင်းဖြင့် အကောင်းဆုံး ဝန်ဆောင်မှုပေး လျက်ရှိပါသည်။

 

Call Center သို့ ဆက်သွယ်မေးမြန်းခဲ့သည့် မေးခွန်းများမှ မေးမြန်းမှုအများဆုံးနှင့် တောင်သူ လယ်သမား များအတွက် သိရှိရန်လိုအပ်သည့် ဖြေကြားချက်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ တောင်သူလယ်သမား ကဏ္ဍရုပ်သံလိုင်းတွင် ကျေးလက်ကွန်ရက် အစီအစဉ် အဖြစ် ရိုက်ကူး တင်ဆက်ပေးလျက်လည်း ရှိသည်။

 

စိုက်ပျိုးရေးဆိုင်ရာ နည်းပညာအကူအညီများလိုအပ်ပါက Hot Line ၀၁-၂၃၉၉၅၅၅ ၊ ဖုန်း ၀၆၇-၃၄၁၀၁၃၉ သို့ ရုံးဖွင့်ရက်များတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း တိုက်ရိုက် ခေါ်ဆိုမေးမြန်းနိုင်ပါသည်။

 

Viber ၀၉-၇၆၄၀၀၀၈၄၁ နှင့် (စိုက်ပျိုးရေး ဦးစီးဌာန Call Center) Facebook Messenger များတွင်လည်း မေးမြန်းလိုသည့် အကြောင်းအရာရေးသား ပေးပို့ခြင်း၊ လိုအပ်ပါက ဓာတ်ပုံများ ပူးတွဲပေးပို့ခြင်းတို့ဖြင့် မေးမြန်းနိုင်ပြီး တောင်သူ လယ်သမားများ၊ စိုက်ပျိုးရေးလုပ်ငန်း စိတ်ဝင်စားသူများ၏ သိရှိလိုသည့် နည်းပညာရပ်ဆိုင်ရာ တုံ့ပြန် ဖြေကြားပေးမှုလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် စိုက်ပျိုးရေး ဦးစီးဌာန Call Center နှင့် Greenway Application တို့ ပူးပေါင်း ဆောင်ရွက် ရန် ကြိုးပမ်းလျက် ရှိတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

 

By Wyk (Myanmar Food Guide)

 

Moi.Gov

Read times
Rate this item
(0 votes)