Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မိုးနဲမြို့တွင် အစေ့ထုတ်ပြောင်း စံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်

မိုးနဲမြို့တွင် အစေ့ထုတ်ပြောင်း စံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက် MDN

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါကာလ စိုက်ပျိုးရေး

လုပ်ငန်းများ အထောက်အကူပြု ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မိုးသီးနှံ အစေ့ထုတ်ပြောင်း စံကွက်ရိတ်သိမ်းခြင်းကို စက်တင်ဘာလ ၁၁ရက်နေ့ ၉ နာရီက နောင်မြိုင်း ကျေးရွာအုပ်စု နောင်မြိုင်းရွာ တောင်သူ ဦးရှောက်ဆီး စိုက်ပျိုးထားသော CP-808 ပြောင်းစိုက်ခင်းတွင် ဆောင်ရွက်ခဲ့သည်။

 

စံကွက်ရိတ်သိမ်းရာတွင် running feet ပေ ၂၀ စံနှုန်းဖြင့်ရိတ်သိမ်းခြင်းဖြစ်ပြီး ထွက်နှုန်းမှာ တစ်ဧက တင်း ၆၀ ထွက်ရှိပြီး မိုးနဲမြို့နယ်အတွင်း အစေ့ထုတ်ပြောင်းစိုက်ပျိုးဧက (၂၃၁၃၂) ဧက စိုက်ပျိုးထားရှိပါသည်။

 

အစေ့ထုတ်ပြောင်းသီးနှံစပေါ်ချိန်မှာ တစ်တင်း ကျပ် ၅၅၀ဝ ဈေးရရှိပြီး စံကွက်ရိတ်သိမ်းရတဲ့ အဓိကရည်ရွယ်ချက်ကတော့ သီးနှံရိတ်သိမ်းပြီးချိန်မှာ သီးနှံ တစ်ခုချင်းရဲ့ အထွက်နှုန်းများ မြေပြင်ပကတိအခြေအနေ နှင့် အနီးစပ်ဆုံး မှန်ကန်မှုရှိစေရန်နှင့် သီးနှံတစ်ခုချင်းစီ၏ လက်တွေ့မြေပြင် ဆောင်ရွက်မှုအပေါ် အားသာချက်၊ အားနည်းချက်များ သိရှိပြီး နောင်နှစ်တွင် သီးနှံ ပိုမိုထွက်ရှိရန် ပြုပြင်ရမည့်နည်းပညာအစီအမံများကို ကြိုတင်ချမှတ်နိုင်ရန် စံကွက်ရိတ်သိမ်းခြင်း ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

 

 

By Wyk (Myanmar Food Guide)

MDN

Read times
Rate this item
(0 votes)