Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်သို့ဝင်ရောက်လာသော ရခိုင်ပြည်နယ်မှငါးဖမ်းစက်လှေများကို Covid-19ကာကွယ်ထိန်းချုပ်ရေးအတွက် ကြပ်မတ်ဆောင်ရွက်

ရန်ကုန်သို့ဝင်ရောက်လာသော ရခိုင်ပြည်နယ်မှငါးဖမ်းစက်လှေများကို Covid-19ကာကွယ်ထိန်းချုပ်ရေးအတွက် ကြပ်မတ်ဆောင်ရွက် Google

ပင်လယ်ပြင်ငါးဖမ်းရာသီကို စက်တင်ဘာ ၁ ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်ခဲ့ရာ ငါးဖမ်းစက်လှေများ ပင်လယ်ပြင်မှ

ဖမ်းဆီးရရှိသော ငါး၊ ပုစွန်များကို ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ရာတွင် ရခိုင်ပြည်နယ်မှ ငါးဖမ်းစက်လှေများအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့မှ ထောက်ခံချက်စစ်ဆေး၍ လှေလုပ်သားများကိုလည်း ငါးဖမ်းစက်လှေတွင်သာ ထားရှိကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကို ဆောင်ရွက်နေသည် လို့ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

ငါးဖမ်းရာသီ ပြန်လည်ဖွင့်လှစ်ချိန်တွင် ရေလုပ်သားမှတ်ပုံတင် ရရှိရန်ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သက်ဆိုင်ရာ ဂျယ်တီများတွင် ဆောင်ရွက်ခဲ့ပြီး စက်လှေပဲ့နင်းများ မိမိတို့ ငါးဖမ်းစက်လှေများသို့ ပြန်လည်ဝင်ရောက်ရန် အခက်အခဲမရှိဆောင်ရွက်ခဲ့၍ ပင်လယ်ပြင်တွင် ငါးဖမ်းစက်လှေများ အဆင်ပြေချောမွေ့စွာ ထွက်ခွာလျက်ရှိရာ ရန်ကုန်မြို့သို့ ပင်လယ်ငါးများ စက်တင်ဘာ ၇ ရက်နေ့မှစ၍ ဝင်ရောက်လျက်ရှိသည်။

 

“ငါးဖမ်းရာသီ ပြန်ဖွင့်ပြီဖြစ်တဲ့အတွက် ကိုဗစ်-၁၉ ကာလလည်း ဖြစ်တာကြောင့် ရခိုင်ပြည်နယ်က ငါးဖမ်းရေယာဉ်၊ ငါးပို့ဆောင်ရေယာဉ်တွေရှိတာကြောင့် ရန်ကုန်ကိုဝင်ရန် စက်လှေကိုဆေးဖျန်းတာ၊ ကျန်းမာရေးစစ်ဆေး ဆောင်ရွက်တာတွေလုပ်ဆောင်ပါတယ်။ စက်တင်ဘာ ၇ ရက်မှာ ရခိုင်ပြည်နယ်က ဝင်လာပြီး ပုဇွန်တောင်ချောင်း ဂျယ်တီမှာ ဆိုက်ကပ်တဲ့ ငါးဖမ်းစက်လှေကိုလည်း ကျန်းမာရေးဦးစီးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ထောက်ခံချက်ကို စစ်ဆေးပြီး လှေလုပ်သားကိုလည်း ကုန်းပေါ်တက်ခွင့်ကို ပိတ်ခဲ့တယ်။ စက်လှေကိုလည်း ရေလယ်မှာပဲ ရပ်နားခိုင်းတယ်။ ရန်ကုန်မြို့ကို ဝင်တဲ့ငါးဖမ်းစက်လှေနဲ့ ငါးပို့ဆောင်တဲ့ စက်လှေအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အထူးကြပ်မတ်ဆောင်ရွက် နေပါတယ်” လို့ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာ ယဉ်ယဉ်မိုးက ပြောကြားခဲ့သည်။

 

ရန်ကုန်မြို့သို့ ပင်လယ်ငါးများ စက်တင်ဘာလဆန်းပိုင်းမှစ၍ ရန်ကုန်စားဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး မနှစ်ကလို ငါးအထိအမိ များသော ၃ လမှာ ငါးဖမ်းစက်လှေများ ရန်ကုန်မြို့သို့ ပြန်လည်ဝင်ရောက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းကြုံတွေ့ နေရသော ရန်ကုန်မြို့အနေဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက ပင်လယ်ပြင် ရခိုင်ပြည်နယ်မှ ဝင်ရောက်သော ငါးဖမ်းစက်လှေများကိုလည်း ငါးလုပ်ငန်း ဦးစီးဌာနမှ ကျန်းမာရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် စစ်ဆေးကြပ်မတ်ဆောင်ရွက်နေပါသည်။

 

By Wyk (Myanmar Food Guide)

mdn.gov

Read times
Rate this item
(0 votes)