Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဧရာဝတီမြစ်ရေတက်မှုကြောင့် ဆီထွက်မြေပဲစိုက်ပျိုးခင်းများ ရေနစ် ပျက်စီး

ဧရာဝတီမြစ်ရေတက်မှုကြောင့် ဆီထွက်မြေပဲစိုက်ပျိုးခင်းများ ရေနစ် ပျက်စီး MDN

ကသာမြို့နယ် ကျောက်ထုံးကြီးကျေးရွာအနီး ဂွေ့ကြီးကျွန်းတွင် ဆောင်းသီးနှံဆီထွက်မြေပဲများကို မြေနုကျွန်းပေါ်တွင်

စိုက်ပျိုးထားရှိရာ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရုတ်တရက် ဧရာဝတီမြစ်ရေတက်ခြင်းတို့ကြောင့် မြေပဲခင်းများရေနစ် ပျက်စီးဆုံးရှုံးခြင်းကို ကြုံတွေ့ကြရသည်။


ကသာမြို့နယ်အနီး ဧရာဝတီမြစ်အတွင်း မြေနုကျွန်းပေါ်မှာ နုန်းတောမြေများ၌ နှစ်ဆစ်မြေပဲစိုက်ပျိုးသူအချို့ ရုတ်တရက်မြစ်ရေတိုး၍ ရေလွှမ်းမိုးမှုကြောင့် ပဲဆံ ၂ တင်းချ၊ ပဲဆံ ၄ ပြည်ချစိုက်ခင်းများ ရေနစ်ပျက်စီးဆုံးရှုံးခဲ့ရသည်။

 

"ယခုလမျိုးမှာ နှစ်စဉ်ရေနစ်ခြင်း သိပ်မရှိဘူး၊ ရှိတော့ရှိတယ် နည်းပါတယ်၊ ရေကျရင် ကမ်းပြိုပျက်စီးတာလဲ နှစ်စဉ်ရှိတယ်၊ ယခုရေကျပြန်ရင် ကမ်းပြိုပျက်စီးတာတွေ ကြုံကြရဦးမယ်”လို့ ဂွေ့ကြီးကျွန်းတွင် ဆီထွက် နှစ်ဆစ်မြေပဲစိုက်ပျိုးတောင်သူ ဦးစိုးမင်းက ပြောကြားခဲ့သည်။


ကသာမြို့နယ်တွင် မြေပဲစိုက်ပျိုးသူအများစုသည် နှစ်ဆစ်ပဲကို အများဆုံးစိုက်ပျိုးကြပြီး သုံးဆစ်မြေပဲတောင်းကိုလည်း သီးထပ်သီးညှပ်အဖြစ် ထည့်သွင်းစိုက်ပျိုးကြသည်။ ပဲမျိုးဆံ တစ်တင်းလျှင် ၅၅၀၀၀ ကျပ် ပေးဝယ်ရပြီး စိုက်ပျိုးကြကာ ရေနစ်ပျက်စီးသွားသည့် နေရာကို ရေခြောက်သွားအောင် ရက်အနည်းငယ်စောင့်၍ ထွန်းရေးပေး ပြန်စိုက်နိုင်အောင် ပြန်လုပ်ကြသည်။

 

“ရက်ပေါင်း (၉၀) မြေပဲကို နှစ်ခါပြန်စိုက်ရတဲ့အတွက် အချိန်ကုန်တယ်၊ အခြားသီးထပ်သီးညှပ် စိုက်ပျိုးရမယ့်အချိန် ရက်နောက်ကျခြင်းကြောင့် အခြားသူတွေ ရောင်းတဲ့အချိန်မှာ ကိုယ့်အခင်းက အသီးမလိုက်သေးဘူး၊ နောက်ကျတော့ အခြားမြို့ကသီးတွေဝင်တော့ စျေးပြိုင်ရောင်းရတာ တွက်ခြေမကိုက်လှဘူး”ဟု မြေပဲစိုက်တောင်သူ ဦးသန်းမှ ပြောပြသည်။


ကသာမြို့အနီးရှိ ဧရာဝတီမြစ်ရေသည် စက်တင်ဘာ ၂၁ ရက် နံနက် ၆ နာရီခွဲတွင် ၉၁၆ စင်တီမီတာရှိပြီး စက်တင်ဘာ ၂၂ ရက် နံနက် ၆ နာရီခွဲတွင် တိုင်းထွာချက်အရ ၈၉၀ စင်တီမီတာအထိ မြစ်ရေပြန်လည်ကျဆင်းနေသည် လို့ မိုး/ဇလ ဦးစီးဌာနမှ သိရသည်။

 

 

By Myanmar Food Guide

MDN

Read times
Rate this item
(0 votes)