Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပမှ ပြောင်းတင်သွင်းရန် ထပ်မံကြိုးပမ်းမှုများရှိလာသည့်အတွက် မြန်မာ့ပြောင်းဈေးကွက် စိုးရိမ်ဖွယ်ရှိနေ

ပြည်ပမှ ပြောင်းတင်သွင်းရန် ထပ်မံကြိုးပမ်းမှုများရှိလာသည့်အတွက် မြန်မာ့ပြောင်းဈေးကွက် စိုးရိမ်ဖွယ်ရှိနေ Google

မြန်မာနိုင်ငံသို့ ပြည်ပမှပြောင်းတင်သွင်းမှုကို ကန့်ကွက်ထားသော်လည်း ပြည်တွင်းရှိ ဖက်စပ် အစာစပ် စက်ရုံများက

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှတစ်ဆင့် ထပ်မံကြိုးပမ်းမှုများရှိလာသည့်အတွက် မြန်မာ့ ပြောင်းဈေးကွက်အတွက် စိုးရိမ်ရသည်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းထံမှ သိရသည်။

 

ပြီးခဲ့သည့် သြဂုတ်လအတွင်း ပြည်တွင်း၌ ပြောင်းရှားပါးချိန်တွင် ပြည်တွင်းရှိ အစာစပ်စက်ရုံလုပ်ငန်းရှင် များမှ အစေ့ထုတ်ပြောင်းကို ပြည်ပမှ ပြန်လည်တင်သွင်းရန် တင်ပြခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဌာနမှ တင်ပြချက်နှင့်ပတ်သက်၍ တင်သွင်းသင့်/မသင့်ကို အသင်းထံသို့ သဘောထားမှတ်ချက်တောင်းခံခဲ့ရာ ပြောင်းစိုက်တောင်သူများကို ထိခိုက်နိုင်သည့်အတွက် မြန်မာနိုင်ငံသို့ ပြည်ပမှပြောင်းတင်သွင်းမှုကို ကန့်ကွက်ခဲ့သည်။

 

"ပြည်တွင်းကာလပေါက်ဈေးနဲ့ အသင်းက ချိတ်ဆက်ဆောင်ရွက်ပေးနိုင်တယ်။ ဒါဟာလည်း တွေ့ဆုံ ပြောပြီးသွားပြီ။ အဲ့ဒါကို ဒုတိယအကြိမ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က တောင်းဆိုလာတယ်။ ကျွန်တော်တို့ကလည်း ထပ်ကန့်ကွက်ထားပါတယ်။ တင်သွင်းခွင့်ပြုလိုက်ရင် ပြောင်းထုတ်လုပ်မှုဖြစ်စဉ်တွေ ယုတ်‌လျော့ပျက်စီးနိုင်တယ်။ ကိုယ်တိုင်စိုက်ပျိုးနေတဲ့ တောင်သူတွေ အရောင်းအဝယ်ပြုလုပ်နေတဲ့ ကုန်သည် တွေ ထိခိုက်နိုင်မယ်"ဟု အသင်း၏ အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းက ပြောကြားခဲ့သည် ။

 

ပြည်ပမှပြောင်းတင်သွင်းခွင့်ပြုလိုက်ပါက မြန်မာနိုင်ငံတွင် အဓိကပြောင်းစိုက်ပျိုးသည့် ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် ကယားပြည်နယ်များရှိ ပြောင်းစိုက်တောင်သူများအနေဖြင့် ပိုမိုထိခိုက်နိုင်ပြီး လက်ရှိ ပြည်ပမှတင်သွင်းခွင့်ကို စိုက်ပျိုးရေးဦးစီးဌာနမှလည်း ကန့်ကွက်ထားသည်။

 

မြန်မာနိုင်ငံတွင် လက်ရှိ စိုက်ပျိုးနေသည့် ပြောင်းများမှာ မျိုးရိုးဗီဇမပြုပြင်ထားသည့် ပြောင်းမျိုးများဖြစ်ပြီး အကယ်၍ ပြည်ပမှပြောင်းမျိုးများ တင်သွင်းဝင်ရောက်လာပါက လက်ရှိ မြန်မာနိုင်ငံမှ ပြောင်းဝယ်ယူနေသည့် ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံထွက်ပြောင်းများကို ဝယ်ယူမှု နည်းသွားမှာကိုလည်း စိုးရိမ်နေသည်လို့ သိရသည်။

 

လက်ရှိ ပြည်တွင်း၌ တစ်နှစ်လျှင် ပြောင်းတန်ချိန် ၂ ဒသမ ၃ သန်းနှင့် ၂ ဒသမ ၆ သန်းကြား ထွက်ရှိနေပြီး ပြည်တွင်းစားသုံးမှု ပမာဏမှာ ၁ ဒသမ ၃ သန်းသာရှိကာ ကျန်ပမာဏကိုသာ ပြည်ပသို့တင်ပိုနေသည့်အတွက် ပြည်တွင်း၌ ပြောင်းလုံလောက်မှုရှိနေသည်ဟု သိရသည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)