Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေးနှင့် ကုန်စည်စီးဆင်းမှုချောမွေ့စေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့စေရေးနှင့် ကုန်စည် ဝင်/ထွက်မှု အခြေအနေ၊ ကုန်ဈေးနှုန်းများဖြစ်ပေါ်မှု

အခြေအနေများနှင့်စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများသည် Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။


ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်စည်ပို့ဆောင်မှုအဆင်ပြေချောမွေ့စေရေး၊ ကုန်စည် ဝင်/ထွက်မှု အခြေအနေ၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်အရအခြေခံရိက္ခာဖြစ်သည့် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန် စသည့် အခြေခံရိက္ခာလိုအပ်ချက်များကို သုံးသပ်တွက်ချက်ခဲ့ပါသည်။

 

နိုင်ငံတော်အစိုးရနှင့် ကုန်သည်အသင်းအဖွဲ့များ၏ လက်ဝယ်တွင် အခြေခံရိက္ခာများ ပြည့်စုံစွာ ရှိသည့်အတွက် လက်ရှိ COVID-19 ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်သော ရန်ကုန်တိုင်းဒေသကြီး အတွက်သာမက မြန်မာတစ်နိုင်ငံလုံးအတွက် အခြေခံရိက္ခာ ပြည့်စုံလုံလောက်စွာ ရှိနေပါခြင်းနှင့် ပြည်သူလူထုအနေဖြင့် စားနပ်ရိက္ခာပြတ်လပ်မည်ကို စိုးရိမ်ပူပန်မှု မရှိစေလိုရန် ပြောကြားခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီးသို့ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကုန်စည်များ ဝင်ရောက်သလို ရန်ကုန်တိုင်းဒေသကြီးမှလည်း အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ကုန်စည်များများ ဖြန့်ဖြူးလျက်ရှိပါပြီး လုပ်ငန်းဆိုင်ရာများ များပြားသည့်အတွက် အားနည်းချက်၊ ချို့ယွင်းချက်များရှိသော်လည်း အမြန်ဆုံးညှိနှိုင်းပူးပေါင်းဖြေရှင်းနိုင်ခဲ့ပါသည်။ ကုန်စည်စီးဆင်းမှုမှန်ကန်ရေး၊ ကုန်စည်မပြတ်လပ်စေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ် ရေးအတွက် အခက်အခဲများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ပြီး အသင်းအဖွဲ့များအနေဖြင့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြပေးရန်နှင့် ဆောင်ရွက်သင့်သည့် အကြံပြုချက်များကိုလည်း တင်ပြပေးစေ လိုသည်ဟု ပြောကြားခဲ့သည်။

 

နောက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ရှိ မြို့နယ် (၄၄) မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှုအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာအသင်းအဖွဲ့များ နေ့စဉ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်နေသည့်အတွက် မြို့နယ်များရှိ လက်လီဆိုင်များသို့ အခြေခံစားသောက်ကုန်များဖြန့်ဖြူးမှုမှာ အခက်အခဲမရှိသည့်အပြင် အခြေခံစားကုန်ဈေးနှုန်းများ တည်ငြိမ်လျက်ရှိသည်လို့ ပြောကြားခဲ့သည်။ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးအတွက် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား Test Kit များဖြင့် လုံလောက်စွာ စစ်ဆေးနိုင်ရေး၊ ကုန်တင်ယာဉ်များအား ရန်ကုန် - မန္တလေး အမြန်လမ်းမ ကြီးပေါ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ဖြတ်သန်းအသုံးပြုခွင့် ရရှိရေး၊ Test Kit များအား အသုံးပြုပြီး ရောဂါရှာဖွေစစ်ဆေးမှုများကို ပိုမိုဆောင်ရွက်နိုင်ရေး အတွက် အစိုးရ အချင်းချင်း (G to G) စနစ်ဖြင့် ဆွေးနွေး၍ စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း (B to B) စနစ်ဖြင့် တင်သွင်းနိုင်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့သည်။


ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ဥက္ကဋ္ဌနှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြပြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့က ဖြည့်စွက်ဆွေးနွေး ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးက ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်သည်လို့ ဆွေးနွေးပြောကြားခဲ့ကြသည်။

 

 

By Myanmar Food Guide

Read times
Rate this item
(0 votes)