Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဝက်သား ကြက်ဟင်းခါးသီး အချိုနှပ်

ဝက်သားကို ဒီအတိုင်းချည်းမစားဘဲ အခါးလေးနှင့် တွဲဖက်တဲ့ဟင်းကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ဝက်သား၊ ကြက်ဟင်းခါးသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ဆီ၊ သကြား၊ ကြက်သားမှုန့်ပဲငံပြာရည် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဝက်သားကို ရေဆေးသန့်စင်ပြီး ကြိတ်ထားပါ။ ပြီးလျှင်  ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်၊ သကြားထည့်၊ ဆီထည့်ပြီး ဝက်သားကို နယ်ပြီး ရောနှပ်ထားပါ။

 

ပြီးနောက် ကြက်ဟင်းခါးသီးရဲ့ ထိပ်ဖက်နှစ်ခုကိုဖြတ်ပါ။ အလယ်မှ ဒေါင်လိုက်ခွဲခြမ်းလှီးပါ။ အစေ့နှင့်အူတိုင်တွေကိုပြောင်စင်နေအောင်ထုတ်ပါ။ အူတိုင်တွေထုတ်ရာမှာပိုမိုသန့်စင်စေဖို့ဇွန်းလေးနှင့်ခြစ်ထုတ်ပါ။

 

ခပ်ပါးပါးလှီးပါ။ ဆားအနည်းငယ်နှင့်နယ်ပြီးရေဆေးပါ။ ရေစစ်ထားပါ။

 

ပြီးလျှင် ဒယ်အိုးထဲဆီထည့်လိုက်ပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကို ဆီသတ်လိုက်ပါ။ အနည်းငယ်ကျက်ပြီဆိုရင်တော့ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ငံပြာရည်တို့ကို အရောင်လှအောင် ထည့်လိုက်ပါ။ ပြီးလျှင် ဝက်သား နှပ်ထားတာပါ ရောထည့်ပြီး ပဲငံပြာရည်ကိုထည့်လိုက်ပါ။

 

ပြီးနောက် ရေအနည်းထည့်ပြီး တည်ထားပေးပါ။ ဝက်သား နူးပြီဆိုရင်တော့ ကြက်ဟင်းသီးကိုထည့် ရေအနည်းငယ်ထည့်ပြီး တည်ပေးထားပါ။ ပြီးရင်နှံ့အောင် မွှေပေးထားပါ။

 

ပြီးရင်တော့ အချို အခါး အရသာရှိတဲ့ ဝက်သား၊ ကြက်ဟင်းခါးသီး အချိုနှပ်လေးကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(1 Vote)