Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အာရှဆန် တစ်ပတ်တာ (ဇူလိုင်၁၆ - ၂၂)

အာရှဆန် တစ်ပတ်တာ  (ဇူလိုင်၁၆ - ၂၂)

ဘင်္ဂလားဒေ့ရှ်တွင် ရုတ်တရက်ရေလွှမ်းမိုးခြင်းများကြောင့် စပါးတန်ချိန် ၂၅၄,၀၀၀ ဝန်းကျင် ပျက်စီးသည်ဟု ခန့်မှန်းထားသည်။ လယ်သမား ဦးရေ ၄၀၀,၀၀၀ ကျော် ထိခိုက်သည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်နေသည်ကို ထိန်းဖို့ ကုန်သည်များကို ဆန်တန်ချိန် ၁ သန်းနီးပါး တင်သွင်းရန် ခွင့်ပြုပေးထားသည်။ သွင်းကုန်ခွန်လည်း လျော့ပေါ့ထားသည်။ 

 

အိန္ဒိယဆန် ပြည်ပပို့ဆန်ဈေးနှုန်း ယခုသီတင်းပတ် မြင့်တက်သည်။ စပါးစိုက်ပျိုးပြီးစီးမှု ယမန်နှစ်ကထက် နောက်ကျနေသည်။ အိမ်နီးနားချင်း ဝယ်လက်နိုင်ငံ ဖြစ်သော ဘင်္ဂလားဒေ့ရှ်တွင် ရုတ်တရက်ရေလွှမ်းမိုးခြင်းများ ဖြစ်ပေါ်နေပြီး စပါးခင်းများ ပျက်စီးမှု များပြားနေသည်။ 

အိန္ဒိယဆန်အမျိုးမျိုးတွင် အများဆုံးတင်ပို့ရသော ၅% ဆန်ကွဲပါ ပေါင်းဆန်  <RI-INBKN5-P1>  ယခင်သီတင်းပတ်က တစ်တန်လျှင် ခေါ်ဈေး $361 ~ $366  ဖြစ်ခဲ့ပြီး ယခုသီတင်းပတ်တွင် $362  ~ $368 ရှိသည်။ 

ဝယ်လိုအား လျော့ကျနေသော်လည်း စပါးစိုက်ပျိုးပြီးစီးမှု နောက်ကျနေသဖြင် စပါးပေါ်ချိန် အထွက်နည်းမည်ဟု ထင်ကြေးဖြင့် ဈေးနှုန်း တင်ထားကြသည်။ 

 

အစိုးရ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ယခင်သီတင်းပတ် သောကြာနေ့အထိ ဟက်တာ ၁၂.၈၅ သန်း စိုက်ပျိုးမှု ပြီးစီးခဲ့သည်။ ယမန်နှစ်ထက် ၁၇% နောက်ကျနေသည်။ အဓိက ပြဿနာမှာ မိုးမလုံလောက်ခြင်း ဖြစ်သည်။

 

ဗီယက်နမ်ဆန် ၅%ဆန်ကွဲပါဆန် <RI-VNBKN5-P1>  ခေါ်ဈေး တစ်တန် $415-$420  ဖြစ်ပြီး ယခင်သီတင်းပတ်အတိုင်း ဖြစ်သည်။  ဈေးနှုန်း မပြောင်းလဲချေ။

 

 ထိုင်းဆန် ၅%ဆန်ကွဲပါဆန် <RI-THBKN5-P1> တစ်တန် $420 ဝန်းကျင်တွင် ငြိမ်နေသည်မှာ သီတင်းပတ် ၃ ပတ် ရှိပြီ ဖြစ်သည်။ 

 

#MyanmarFoodIndustryGuide
Telegram Channel

https://t.me/Guid4U

 

(၂၀-၇-၂၀၂၂) မှ (၂၆-၇-၂၀၂၂) အထိ ဈေးကွက်ညွှန်ထားသော ဆန်စျေးနှုန်း (FOB-YGN)

 

#MyanmarFoodGuide

 Telegram Channel

https://t.me/Guid4U

 

Read times Last modified on Saturday, 23 July 2022 13:43
Rate this item
(0 votes)