Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သက်သတ်လွတ်စားသူများအတွက် ပဲကြီးနှပ်

ထမင်းလည်းစားမြိန်ပြီး သက်သတ်လွတ်စားသူများအတွက် အဆင်ပြေစေမယ့် ပဲကြီးနှပ် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ပဲကြိး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ဆား၊ ကြက်သွန်ဖြူကြော်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ပဲကြီးကို တစ်ညအိပ် ရေစိမ်ထားပေးပါ။  

 

ပြီးနောက် ပဲကြီးများပွဲလာလျှင်တော့ အခွံနွှာပေးပြီး ရေစိမ်ထားပါ။

 

Read More >>>>>  ထမင်းမြိန်စေမယ့် ရုံးပတီသီးသုပ်

 

ပြီးလျှင်  ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ညက်အောင်ထောင်းပြီး နနွင်းမှုန့်ဖြင့် ဆီသတ်ပေးပါ။

 

ပြီးနောက်အနံ့မွှေးလာပြီဆိုလျှင် အခွံနွှာပြီး သန့်စင်ထားတဲ့ ပဲကြီးကိုထည့်လိုက်ပါ။

 

ပြီးလျှင် အရသာအတွက် ဟင်းခတ်မှုန့်နှင့် ဆားကို ထည့်ပေးပါ။

 

ပြီးနောက် ရေကို လိုအပ်သလိုထည့်ပြီး ပဲနူးသည်အထိ မီးအေးအေးဖြင့် နှပ်ထားပါ။

 

နောက်ဆုံး ပဲလည်းနူးပြီ၊ အရသာလည်း အနေတော်ဖြစ်ပြီ၊ ဆီလည်း ပြန်လာပြီဆိုလျှင်တော့ ကြက်သွန်ဖြူကြော် ထည့်ပြီး ထမင်းပူပူလေးနဲ့ ထည့်သွင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 12 March 2019 11:41
Rate this item
(1 Vote)