Myanmar



မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

  1 6 2023

မန္တလေး ကိုင်းတန်းဈေး ဆန်ပွဲရုံများတွင်

ရန်ကုန်ပေါ်ဆန်းမှာ အသစ်မဝင်သေးခြင်း ၊ တောင်သူထဲ လက်ကျန်နည်းခြင်း ၊ လှောင်သမားထံမှ ဝယ်ရခြင်း ၊ မြို့တွင်း နှင့် တင်ပို့ရမှု ပုံမှန်ရှိခြင်းတို့ကြောင့် ရန်ကုန်ပေါ်ဆန်း တစ်အိတ် ၉၀၀၀၀ ကျပ် မှ ၉၇၀၀၀ ကျပ်သို့လည်းကောင်း ၊

ရွှေဘိုပေါ်ဆန်းမှာလည်း ရွှေဘိုဒေသတစ်ခုထဲမှ ထွက်ရှိခြင်း ၊ လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် တစ်အိတ် ၁၀၃၀၀၀ ကျပ် မှ ၁၀၄၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

မနောသုခဆန်မှာ စားသုံးမှု ပုံမှန် ၊ အဝင်ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၇၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ဇီယာဆန်မှာ ရန်ကုန်ဈေးကွက်မှ တစ်ဆင့် တင်ပို့သော ဆန်ဖြစ်ခြင်း ၊ စတင်စိုက်ပျိုးရန်ပြင်ဆင်ချိန်ဖြစ်၍ လက်ကျန်နည်းခြင်းကြောင့် ပင်ရင်းဈေးမြင့်ခြင်းတို့ကြောင့် ဇီယာ ဆန်တစ်အိတ် ၆၈၀၀၀ ကျပ် မှ ၇၃၀၀၀ ကျပ်သို့ ဈေးတက်သွားသည်။

ငစိန်ဆန် တစ်အိတ် ၆၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ဧရာမင်းဆန်မှာ အဝင်ပုံမှန် ၊ မြို့တွင်းသုံးပုံမှန်ဖြစ်ခြင်းကြောင့် တစ်အိတ် ၉၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 02 June 2023 10:55
Rate this item
(0 votes)