Myanmar
ကလေးများအကြိုက်တွေ့စေမယ့် ဝက်သား သာကူပေါင်း
ကလေးများအကြိုက်တွေ့စေမယ့်အပြင် စားလို့လည်းကောင်းပြီးလွယ်လင့်တကူပြုလုပ်နိုင်တဲ့ ဝက်သားသာကူပေါင်း ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ဝက်သား၊ သာကူ၊ မြေပဲကြိတ်ပြီးသား၊ ထန်းလျက်၊ ကြက်သွန်နီ၊ ငှက်ပျောရွက်၊ ဆီ၊ ပဲငံပြာရည်အကြည်၊ ဆား၊ ကြက်သွန်ဖြူကြော်၊ ငရုတ်သီးစိမ်း တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး သာကူများကို အနည်းဆုံး နာရီဝက်ခန့် ရေစိမ်ထားပါ။
ပြီးလျှင် ဒယ်အိုးထဲသို့ ဆီနှင့် ကြက်သွန်နီထည့်ပြီး ညိုလာသည်အထိကြော်ပါ။
ပြီးနောက် ဝက်သားကြိတ်ပြီးသား နှင့် ထန်းလျက်ခြေထားတာများပါထည့်၍ ပျစ်လာသည်ထိမွှေပါ။
ပြီးရင်တော့ ရေအနည်းငယ်ပဲကျန်လျှင် မြေပဲ၊ ဆား၊ ပဲငံပြာရည်ထည့်ပြီး ရေခမ်းသည်ထိချက်ပါ။
ပြီးနောက် ရေခမ်းလျှင် ကြော်ပြီးသားများကို အအေးခံထားပါ။
ပြီးရင်တော့ ရေစိမ်ထားသည့် သာကူများကို ရေစစ်ပြီး အနေတော်ခန့်ယူကာ လက်ဝါးပေါ်ဖြန့်ထည့်ပြီး အလယ်တွင် ဝက်သားကြော်ပြီးသားများထည့်ပြီး လုံးထားပါ။
ပြီးလျှင် ငှက်ပျောရွက်ကိုလည်း အမြှောင်းများလုပ်ထားပြီး ဆီသုတ်ထားပါ။
ပြီးနောက် သာကူလုံးလေးများကို ဆီသုတ်ထားတဲ့ ငှက်ပျောရွက်ပေါ်တင်ပြီး ပေါင်းအိုးထဲတွင် မိနစ်နှစ်ဆယ်ခန့် သာကူများအရောင်ကြည်လာသည်အထိပေါင်းပါ။
Read More >>>>> ကလေးများအကြိုက် ရေခဲမုန့်ကြော် ပြုလုပ်နည်း
ပြီးရင်တော့ ကျက်ပြီးသား သာကူလုံးများကို ဆီသုတ်ထားတဲ့ ပန်းကန်ထဲသို့ ငှက်ပျောရွက်ပေါ်တင်ပြီး ကြက်သွန်ကြော်ဖြူးကာ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။



