Myanmar
ရခိုင်အစားအစာဖြစ်တဲ့ ပုစွန်နှင့် ငရုတ်သီးစိမ်းချက်နည်း
ရခိုင်စတိုင်လ်ဖြင့် စားချင်သူများအတွက် ချက်ရတာ ရိုးရှင်းလွယ်ကူပြီး ချဉ်ငံစပ်ကြိုက်သူများအတွက်
ပုစွန်ကို ငရုတ်သီးစိမ်းနှင့် အစပ်ချက်နည်းလေးကို ဖော်ပြပေး လိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ပုစွန်၊ ငရုတ်သီး၊ ငါးပိ၊ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ မန်ကျည်သီး၊ အာပူရွက်တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ပုစွန်ကို အခွံခွာ ရေဆေးသန့်စင်ပြီးလျှင် ဆား၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်တို့နှင့် နယ်ထားပါ။
ပြီးနောက် ငရုတ်သီးစိမ်းများကို အညှာချွေပြီး မနူးတနူးပြုတ်ထားပါ။
ပြီးလျှင် ပြုတ်ပြီးသောငရုတ်သီးများကိ
ပြီးနောက် ချက်မည့်အိုးထဲသို့ ရေအနေတော်ထည့်၍ ထောင်းထားသော ငရုတ်သီးများ၊ ဆား၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ငါးပိ ထည့်၍ မီးဖိုပေါ်တွင် မိနစ်အနည်းငယ်ကြာ တည်ထားပေးပါ။
ပြီးရင် ငရုတ်သီးအနံ့များ မွှေးကြိုင်လာလျှင် နယ်ထားသော ပုစွန်ကို ထည့်လိုက်ပါ။
ပြီးလျှင် မန်ကျည်းမှည့်ကို ရေဖျော်ပြီး ထည့်လိုက်ပါ
မီးဖိုပေါ်မှ ချခါနီတွင် ရေစိမ်ထားသော အာပူရွက်များကို ရေစစ်ပီးထည့်လိုက်ပါ။
ပြီးရင်တော့ ချဉ်ငံစပ် ပုစွန်နှင့် ငရုတ်သီးစိမ်းလေးကို ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။