Myanmar
ကြာစွယ်အချိုကြော်
ရှမ်းဆိုင်တွေ၊ ရှမ်းအစားအစာတွေမှာ တွေ့ရလေ့ရှိတဲ့ ကြာစွယ်လေးတွေဟာ ကြိုက်နှစ်သက်သူတွေအတွက်
တကယ့်ကို စားလို့ကောင်းပါတယ်။ ယနေ့တွင် ဖော်ပြပေးမယ့်နည်းလေးကတော့ ကြာစွယ်အချိုကြော် နည်းလေး ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ကြာစွယ်၊ ပဲငံပြာရည်၊ ငံပြာရည်၊ သကြား၊ ကြက်သားမှုန့်၊ ခရုဆီ၊ ကြက်သွန်ဖြူ၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ကြာစွယ်ကို ရေးဆေးပြီး ခပ်ပါးပါးလေး လှီးဖြတ်ထားပါ။
ပြီးလျှင် ဒယ်အိုးထဲသို့ ဆီထည့်၍ အပူပေးထားပါ။
ပြီးရင် ဆီအနည်းငယ်ပူလာလျှင် သကြား၊ ခရုဆီ၊ ငံပြာရည်၊ ပဲငံပြာရည်တို့ကို ထည့်လိုက်ပါ။
ပြီးနောက် ကြက်သွန်ဖြူနှင့် ကြက်သွနီအခွံခွာပါ။ ပြီးလျှင် ကြိတ်စက်ဖြင့်ကြိတ်ပြီး ဒယ်အိုးထဲထည့်လိုက်ပါ။
ကြက်သွန်ဆီပြန်လာလျှင် လှီးဖြတ်ထားတဲ့ ကြာစွယ်များကို ထည့်ပြီး ရေအနည်းငယ်ထည့်၍ တည်ပေးပါ။
ပြီးလျှင် အဖုံးဖုံးထားပါ။ ဆီပြန်လာရင်တော့ အနံ့အရသာနှင့် ပြည့်စုံတဲ့ ကြာစွယ်အချိုကြော်လေးကို မိမိတို့စိတ်ကြိုက် သုံးဆောင်နိုင်ပါတယ်။