Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးများအကြိုက်တွေ့စေမည့် ငှက်ပျောသီးကိတ်

ပိတ်ရက်တွင် မိသားစုဆုံတုန်းလေး ဆိုင်တွင် သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင် လွယ်လင့်တကူ

ကိုယ်တိုင် ပြုလုပ်နိုင်တဲ့ ငှက်ပျောသီးကိတ် ပြုလုပ်နည်း အကြောင်း လေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ Butter, သကြား၊ ပန်းသီးဆော့စ်၊ နွားနို့၊ ကြက်ဥ၊ သီးမွှေးငှက်ပျော၊ ကိတ်ဂျုံ၊ ဆား တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ထောပတ်၊ သကြား၊ ဆား ၊ ပန်းသီးဆော့စ် နှင့် ကြက်ဥ၊ ငှက်ပျောသီးတို့ကိုသမအောင် ရောမွှေပါ။နောက်ဆုံးမှ ဂျုံမှုန့်ကို နည်းနည်းချင်းစီထည့်ရင်း နွားနို့ကိုလည်း ပေါင်းထည့် ပြီး အားလုံးသမသွား အောင်မွှေပေးပါ။

 

ကိတ်ဖုတ်ခွက်ထဲ ထည့်ဖုတ်မယ်ဆိုရင်တော့ ခွက်နဲ့အံဝင်တဲ့ အောက်ခံစက္ကူခင်းလိုက်ပါ။ ခဲပတ်ခွက်ထဲဆိုရင်တော့ ထောပတ်အနည်းငယ် သုတ်လိမ်းပေးပါ။

 

ဖုတ်မည့်စက်ထဲသို့ အပူချိန် ၂၆၀ ဒီဂရီစင်တီဂိတ် နဲ့ ၅၀၀ ဒီဂရီ ဖာရင်ပိာုက်အပူချိန်မှာထားပြီး  နာရီဝက်ကြော်ကြာအောင် ဖုတ်ပေးပါ။

 

ကျက်ပြီဆိုရင်တော့ စက်ထဲမှထုတ်ပြီး ကလေးများအကြိုက်တွေ့စေမည့် ငှက်ပျောသီးကိတ် လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Read 3879 times Last modified on Tuesday, 18 September 2018 11:55
Rate this item
(2 votes)