Myanmar
ကြက်သားနဲ့ ချဉ်ပေါင် သောက်ဆမ်း
ကြက်သားဟင်းစားရတာ ရိုးအီသွားသူများအတွက် လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ကြက်သားနဲ့ချဉ်ပေါင် သောက်ဆမ်းချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ကြက်သား၊ ချဉ်ပေါင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ နနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ ဆီ တို့ဖြစ်ပါတယ်။
ပထမဦးစွာ ကြက်သားများကို အတုံး သေးသေးလေးတွေ တုံးပြီး ရေဆေးသန့်စင်ပေးထားပါ။ ပြီးလျှင် ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ နနွင်းမှုန့်တို့ဖြင့် နှပ်ထားပါ။
ပြီးနောက် ကြက်သွန်ဖြူ ၊ ကြက်သွန်နီ နဲ့ ချင်းများကို အနည်းငယ် ပါးပါးလှီးထားပါ။
ချဉ်ပေါင်ရွက်များကို ချွေထားပါ။ ပြီးလျှင် ရေဆေးပြီး ရေစစ်ထားပါ။
ပြီးနောက် ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ပြီး လှီးထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းနှင့် အရောင်တင်မှုန့် အနည်းငယ်ထည့်ကာ ဆီသတ်ပေးပါ။
ပြီးရင်တော့ ကြက်သားများကို ထည့်ပြီး လှိမ့်ပါ။ ကြက်သားများ အပေါ်ယံ အဖြူရောင်ပြောင်းလာလျှင် ကြက်သားတုံးများ မြုပ်သည်အထိ ရေထည့်ပါ။
ပြီးလျှင် ချွေထားသော ချဉ်ပေါင်ရွက်များကိုလည်း ထည့်၍ အဖုံးဖုံးထားလိုက်ပါ။
ပြီးနောက် ရေများ တစ်ဝက်လောက်ခမ်းသွားလျှင် ငံပြာရည် နှင့် ဆား အနည်းငယ်ထည့်ပြီး အားလုံးကို ရောမွှေပေးပါ။
နောက်ဆုံး ရေအနည်းငယ်သာ ကျန်တော့လျှင် ကြက်သားနဲ့ ချဉ်ပေါင် သောက်ဆမ်း ဟင်းလေးကို ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။