Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာသီ ကုန်ဆုံးသဖြင့် တခြားဒေသတွင်းနိုင်ငံများသို့ အားထားတင်ပို့

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာသီ ကုန်ဆုံးသဖြင့် တခြားဒေသတွင်းနိုင်ငံများသို့ အားထားတင်ပို့

 

မြန်မာနိုင်ငံကထွက်ရှိသော အစေ့ထုတ်ပြောင်း ၇၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့တင်ပို့လျက်ရှိရာ ယခုအခါထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာသီ ကုန်ဆုံးသဖြင့် တခြားဒေသတွင်းနိုင်ငံများနှင့် တရုတ်နိုင်ငံတို့ကို အားထားတင်ပို့လာရကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းထံက သိရသည်။

 

 Big M Enterprise

 

 မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား သဘောတူညီမှုအရ ယခုနှစ် ဖေဖော်ဝါရီ ၁ရက်မှ စတင်ခဲ့သော ပြောင်းတင်ပို့ရာသီသည် ပြီးခဲ့သည့် ဩဂုတ် ၃၁ ရက်တွင်ကုန်ဆုံးသွားသောကြောင့် ပြည်တွင်းမှ ကုမ္ပဏီများအနေနှင့် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုကို ယာယီရပ်နားထားကြသည်။

 

ထိုင်းနိုင်ငံအနေဖြင့် လက်ရှိကာလတွင် ယင်းနိုင်ငံအတွင်းသို့ ပြောင်းတင်ပို့ခွင့်ကိုလုံးဝ ပိတ်ထားခြင်းမဟုတ်ဘဲ ပြောင်းတင်ပို့မှုများအပေါ် အခွန်ကောက်ခံမှုနှုန်းမြင့်မားသောကြောင့် မြန်မာနိုင်ငံမှ ကုမ္ပဏီများအနေဖြင့် ထိုင်းနိုင်ငံသို့‌ပြောင်းတင်ပို့မှုကို ယာယီရပ်နားထားခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၁ရက် နောက်ပိုင်းပြန်လည်တင်ပို့ပါက အခွန် သုညရာခိုင်နှုန်းသာကောက်ကခံသည့်အတွက် ဖေဖော်ဝါရီလကျမှသာ ပြန်လည်တင်ပို့ကြမည်ဖြစ်ကြောင်းသိရသည်။

 

“ယခုအချိန်မှာ မြန်မာ့ပြောင်းတွေကို ထိုင်နိုင်ငံထဲတင်ပို့ချင်ရင် အခွန်က ၇၂ ရာခိုင်နှုန်း ကောက်တယ်ဆိုတော့ဘယ်လိုမှ မကိုက်တော့ဘူး။ သဘောတူညီထားတဲ့ ကာလမှာဆိုရင် အခွန်ကောက်ခံမှု မရှိဘူး” ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းက အထွေထွေအတွင်းရေးမှူး ဒေါက်တာဖြိုးကိုကိုနိုင်က ပြောသည်။

 

ထိုသို့ ထိုင်းစျေးကွက်သို့ ပြောင်းတင်မို့မှု ယာယီရပ်နားထားသည့်ကာလအတွင်း ပြည်တွင်းမှ ပြောင်းများကို တရုတ်နှင့် အခြားဒေသတွင်းနိုင်ငံများဖြစ်သော စင်ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ် စသည့်နိုင်ငံများသို့ တိုးမြှင့်တင်ပို့လာကြကြောင်းသိရသည်။

 

မြန်မာ့ ပြောင်းများကို စင်ကာပူနိုင်ငံ ကုမ္ပဏီများက ဝယ်ယူကြပြီးနောက် ထိုမှတစ်ဆင့် ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ကို ပြန်လည်တင်ပို့မှုများရှိသကဲ့သို့ မြန်မာနိုင်ငံက ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ကို တိုက်ရိုက်တင်ပို့မှုများလည်းရှိကြောင်းသိရသည်။

 

Myanmarfoodindstryguide

Read times Last modified on Friday, 16 September 2022 11:27
Rate this item
(1 Vote)