Thiland
ထိုင်းစတိုင်လ် ဝက်ပင်စိမ်းဟင်း
ဝက်ပင်စိမ်းကို ဆိုင်တွင်သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်ပြီး ထမင်းမြိန်စေမယ့် ထိုင်းစတိုင်လ် ဝက်ပင်စိမ်းဟင်းကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ဝက်သားစဉ်းကော၊ ကြက်သားမှုန့်၊ ဆား၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးအနီတောင့်၊ သံပရာသီး၊ ငါးငံပြာရည်၊ ပဲငံပြာရည်အကြည်၊ သကြား၊ ဆီ၊ ပင်စိမ်းတို့ လိုအပ်ပါမယ်။
ပထမဦးဆုံး စဉ်းထားသော ၀က်သားများကို ဆား၊ ကြက်သားမှုန့်ထည့်ပြီး သမအောင် ရောနယ်ထားပါ။
ပြီးနောက် ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးတောင့်အနီ တို့ကို မီးအနည်းငယ်နှင့် ဆီသတ်ပေးပါ။
ပြီးနောက် ဝက်သားများကို ထည့်ပြီး ရောမွှေပေးပါ။
ပြီးရင်တော့ ဆော့စ်အတွက် ငါးငံပြာရည်၊ ပဲငံပြာရည်၊ သကြား တို့ကို ခွက်တခုထဲ ရောမွှေပြီး ဒယ်အိုးထဲ လောင်းထည့်လိုက်ပါ။
ပြီးနောက် ရေထည့်ပြီး ဝက်သားကျက်သည်အထိ မီးအနည်းငယ်ဖြင့် ထပ်တည်ထားပါ။
ဝက်သားဆီပြန်လာလျှင် ပင်စိမ်းအုပ်ပေးပြီး ရောမွှေပေးလိုက်ပါ။
ပြီးနောက် ထိုင်းစတိုင်လ် ဝက်သားပင်စိမ်းဟင်း ရပြီဆိုလျှင်တော့ ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။
Read More >>>>> ကြက်သားအမွ အစပ်ကြော်