Thiland



ထိုင်းနိုင်ငံ ကမ္ဘာ့တတိယအများဆုံး ကြက်သားတင်ပို့သူ ဖြစ်လာ

ထိုင်းနိုင်ငံ  ကမ္ဘာ့တတိယအများဆုံး ကြက်သားတင်ပို့သူ ဖြစ်လာ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ထိုင်းနိုင်ငံသည် ယမန်နှစ်က ဘတ်ငွေ ဘီလီယံ ၁၀၀ ကျော်တန်ဖိုးရှိ ကြက်သားတန်ချိန် တစ်သိန်းကျော် တင်ပို့ခဲ့သည်။ ထိုင်းနိုင်ငံသည် ဘရာဇီးနှင့် အမေရိကန် ပြီးလျှင် ကမ္ဘာ့တတိယအများဆုံး ကြက်သားတင်ပို့သူဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ကမ္ဘာ့ စတုတ္ထ အများဆုံး ကြက်သားတင်ပို့သူ ဖြစ်ခဲ့သည်။ 

.

ထိုင်းအစိုးရ၏ ပို့ကုန်မြှင့်တင်ရေး ဆောင်ရွက်ချက်များအပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သဘောတူညီချက်အရ ဈေးနှုန်းမြင့်တက်မှုနှင့် တိရစ္ဆာန်အစာ ရှားပါးမှုပြဿနာကို ဖြေရှင်းပေးနိုင်သည့် ပဲပုပ်အစာ တင်သွင်းမှုကို နောက်ထပ်တစ်နှစ် သက်တမ်းတိုးရန် မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချခဲ့ခြင်းကို ထိုင်းနိုင်ငံ ကြက်မွေးမြူရေး မြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ ချာဝီဝမ် ကမ်ပါက ချီးကျူးစကား ပြောကြားသည်။

.

WTO ၏ စည်းမျဉ်းများအောက်တွင် သဘောတူညီချက်အရ ပဲပုပ်အစားအစာများကို အကောက်ခွန်

ပုံမှန်နှုန်းထား ၁၁၉% အစား ၂% ဖြင့် တင်သွင်းခွင့်ပြုထားသည်။

.

တိရစ္ဆာန်အစာအတွက် ပြောင်း တင်သွင်းခြင်းကို အကောက်ခွန် ပုံမှန်နှုန်းထား၇၀% အစား  ၂၀% ဖြင့်  နဲ့ ပြောင်း ၅၄,၇၀၀ တန်အထိ တင်သွင်းခွင့်ပြုထားသည်။

သို့သော်လည်း ယှဉ်ပြိုင်ဘက်များနှင့် နှိုင်းယှဉ်ပါက ထိုင်းနိုင်ငံသည် ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားနေသည့် အားနည်းချက် ရှိနေသေးကြောင်း ချာဝီဝမ်က ထောက်ပြသည်။

.

ဘရာဇီးနှင့် အမေရိကန်တို့သည် တိရစ္ဆာန်အစာအတွက် ပဲပုပ်နှင့် ပြောင်း ကမ္ဘာ့အများဆုံး ထွက်သည့် နိုင်ငံများ ဖြစ်သည်။

ထိုင်းနိုင်ငံသည် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန် ပြည်ပမှ တင်သွင်းနေရဆဲ ဖြစ်သည်။

.

တိရစ္ဆာန်အစာသည် မွေးမြူရေးသမားများအတွက် အကြီးမားဆုံး ကုန်ကျစရိတ်ဖြစ်ပြီး ယင်းကိစ္စကို ဦးစားပေးဆောင်ရွက်ရန် အစိုးရကို တိုက်တွန်းထားသည်။

 

Source thenationthailand  


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Tuesday, 20 February 2024 22:13
Rate this item
(0 votes)