Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ယိုးဒယားစတိုင် ချဉ်ငံစပ် မျှစ်သုပ်ထောင်း

ချဉ်ငံစပ်ကြိုက်နှစ်သက်သူများအတွက် ထမင်းမြိန်စေမယ့် ချဉ်ငံစပ် မျှစ်သုပ်ထောင်းနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ မျှစ်၊ ခရမ်းချဉ်သီး၊ ခရမ်းကျွတ်သီး၊ ပဲသီး၊ ပုစွန်ခြောက်မှုန့်၊ ပုစွန်ဆိတ်၊ ပြောင်းဖူးပြုတ်၊ မြေပဲပြုတ်၊ မြေပဲလှော်၊ ငါးပိထောင်း၊ ထန်းလျက်ခဲ၊ ကင်းမွန်ငံပြာရည်၊ ပဲသီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး မျှစ်ကို ပြုတ်လိုက်ပါ။ ပြီးလျှင် ပါးပါးလှီးထားပါ။ ခရမ်းချဉ်သီး၊ ခရမ်းကျွတ်သီးတို့ကိုလည်း လှီးဖြတ်ထားပါ။ ပုစွန်ဆိတ်တို့ကို လှော်ထားပါ။ ပြောင်းဖူးကိုလည်း ပြုတ်ပြီး အစိချွေထားပါ။ မြေပဲကိုလည်း ပြုတ်ပြီး အခွံခွာထားပါ။

 

ပြီးနောက် ငရုတ်ဆုံထဲသို့ ထန်းလျက်ခဲ၊ မြေပဲလှော်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့ထည့်ပြီး ထောင်းထားပါ။

 

ပြီးလျှင် ငါးပိထောင်း၊ သကြား၊ ငံပြာရည်၊ ပုစွန်ခြောက်မှုန့်၊ ပုစွန်ဆိတ်၊ သံပရာရည်ညှစ်ပြီး အခွံပါထည့်ထောင်းပေးထားပါ။

 

ပြီးရင်တော့ လှီးထားသော ခရမ်းချဉ်သီး၊ ခရမ်းကျွတ်သီး၊ မျှစ်၊ ပဲသီးတို့ထည့်ကာ ရောမွှေပြီး မြေပဲပြုတ်နှင့် ပြောင်းဖူးပြုတ်ပါထည့်မွှေပေးပါ။

 

ပြီးရင်တော့ ခပ်ဖွဖွလေးတစ်ချက်နှစ်ချက်ထောင်းပါ။ အရသာကိုတော့ မိမိစိတ်ကြိုက်ထည့်ပြီး မြည်းကြည့်ကာ ပင်စိမ်းရွက်ကို အပေါ်ယံမှ အုပ်ပြီးရင်တော့ ထမင်းမြိန်စေမယ့် ယိုးဒယားစတိုင် ချဉ်ငံစပ် မျှစ်သုပ်ထောင်းလေးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(1 Vote)