Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် သာကူအစာသွပ် ပြုလုပ်နည်း

သာကူထဲကို ဝက်သား(သို့)ကြက်သားနဲ့ မြေပဲကို အစာသွပ်ထားပြီး အစာပြေအဖြစ် သုံးဆောင်မယ်ဆိုရင် အရမ်းကောင်းပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ သာကူ၊ ကြက်သွန်ဖြူဆီချက်၊ ဝက်သား (သို့မဟုတ်) ကြက်သား၊ ကြက်သွန်နီ၊ မြေပဲ၊ ငါးငံပြာရည်၊ သကြား၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး သာကူကို ရေဖြင့် အနည်းငယ် ဆေးပြီး ဇလုံတစ်ခုထဲတွင် သာကူစေ့ထည့်၊ ရေထည့်ပြီး လက်ဖြင့် သာကူစေ့များကို အနည်းငယ် ခြေ၍ စေးကပ်အောင် လုပ်ပေးပါ။

 

ပြီးလျှင် အပေါ်မှ ရေစိုဝတ်ဖြင့် တစ်နာရီခန့် အုပ်ထားပေးပါ။

 

ပြီးနောက် ဒယ်အိုးထဲ ဆီထည့်လိုက်ပါ။ ဆီပူလာလျှင် ကြက်သွန်နီများကို ဆီသတ်ပေးပါ။

 

ပြီးမှ ကြက်သားထည့် အရောင်ပြောင်းမှ ငါးငံပြာရည်၊ သကြား ထည့်ပေးပါ။

 

ပြီးနောက် မြေပဲ ထည့်ကာ လုံးသွားပြီး စေးကပ်သွားအောင် ကြော်ပေးပါ။ ပြီးလျှင် မီးပိတ်၍ အအေးခံထားပါ။

 

ပြီးနောက် သာကူကို တစ်လက်ခွဲအရွယ် အဝိုင်းပြားလုပ်ပြီး ဝက်သား၊ ကြက်သားမြေပဲ အစာသွပ်ပေးပါ။

 

ပြီးရင်တော့ အစားသွပ်ပြီ သာကူကို လက်ဖြင့် အလုံးပုံပြန် လုံးပေးပါ။ ထိုနည်းအတိုင်း ကျန်သာကူများကို အစာသွပ်ပေးပါ။

 

ပြီးလျှင် ဌက်ပျောရွက်ပေါ် သာကူအစာသွပ်လုံးများကို တင်ပြီး ပေါင်းအိုးဖြင့် ငါးမိနစ် ပေါင်းပေးပါ။

 

ပေါင်းပြီလျှင် သာကူကို ကိုင်လို့ရသည်အထိ ခေတ္တအေးခံထားပေးပါ။ ပြီးနောက် သာကူများက အလွန်စီးကပ်သည့်အတွက် ပန်းကန်နဲ့ လက်တွင် ကြက်သွန်ဖြူဆီချက် ဆီများကို အရင်သုတ်ပါ။

 

ပြီးရင်တော့ သာကူအစာသွပ်များကို ပန်းကန်ပေါ်တင်ပြီး အပေါ်မှ ကြက်သွန်ဖြူဆီချက်များကို ဖြူးကာ အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 28 January 2019 17:53
Rate this item
(1 Vote)