Thiland



အာရှဆန်ဈေးကွက် ဈေးနှုန်းများ အမြင့်မှာ တည်ငြိမ်

အာရှဆန်ဈေးကွက် ဈေးနှုန်းများ အမြင့်မှာ တည်ငြိမ်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

၅%ဆန်ကွဲပါ အန္ဒိယပေါင်းဆန်အမျိုးမျိုး ခေါ်ဈေး မက်ထရစ်တစ်တန်လျှင် ကန်ဒေါ်လာ ၅၂၅ မှ ဒေါ်လာ ၅၃၅ ကြားတွင် ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ဈေးနှုန်းများ အမြင့်မှာ တည်ငြိမ်နေသည်မှာ ၃ ပတ်ဆက်တိုက် ရှိလာပြီဖြစ်ပြီး  ပြောင်းလဲမည့် အရိပ်အယောင် မရှိပေ။

အိန္ဒိယဆန် ယခင်ကထက် ဈေးမြင့်နေသော်လည်း ထိုင်းဆန်၊ ဗီယက်နမ်ဆန်တို့ထက် ဈေးသက်သာနေသဖြင့် အာရှနှင့် အာဖရိကတို့မှ ဝယ်ယူမှုများ ရှိနေသည်။ ယခုသီတင်းပတ်တွင် ဝယ်ယူမှု အနည်းငယ် ပိုများလာသည်။

 

အိန္ဒိယနိုင်ငံသည် ဩဂုတ်လတွင် ပေါင်းဆန် ပြည်ပတင်ပို့မှုအပေါ်  အောက်တိုဘာလ ၁၅ ရက်အထိ  ပို့ကုန်ခွန် ၂၀% စည်းကြပ်မည်ဟု ပြဋ္ဌာန်းခဲ့သည်။ 

 

"ဝယ်သူတွေက စတင်ဝယ်ယူလာကြတယ်။ အိန္ဒိယဆန်က ပို့ကုန်ခွန် ၂၀ ရာခိုင်နှုန်း ပေးဆောင်ရလို့ ဈေးပိုပေးရတယ် ဆိုပေမဲ့ စျေးသက်သာနေတယ်" ဟု နယူးဒေလီမှ ကုန်သည်တဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

 

ဘင်္ဂလားဒေ့ရှ်သည် ယမန်နှစ်က ဆန် တန်ချိန် ၁၄ သန်း ထုတ်လုပ်ခဲ့ပြီး ယခုနှစ်တွင် တန်ချိန် ၁၇ သန်း ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားသည်။

၅%ဆန်ကွဲပါ ဗီယက်နမ်ဆန် ခေါ်ဈေး တစ်မက်ထရစ်တန် $610-$620 ရှိသည်။ ယခင်အပတ် ဈေးနှုန်းများအတိုင်း မပြောင်းမလဲ ဆက်လက်တည်ငြိမ်နေသည်။

 

"ဇူလိုင်လမှာ အိန္ဒိယဆန် ပြည်ပတက်ပို့မှု ပိတ်ပင်တာကြောင့် မကြာသေးမီက ဈေးနှုန်း မြင့်တက်လာခဲ့ပြီး အခုတော့ ဈေးအမြင့်မှာ တည်ငြိမ်နေပါပြီ"ဟု ဟိုချီမင်းစီးတီးမှ ကုန်သည်တဦးက ပြောကြားသည်။

"လက်ရှိ ပေါက်ဈေးက တောင်သူတွေ အမြတ်အစွန်း ရလောက်တယ်" ဟု ၎င်းက ပြောကြားသည်။ 

ကုန်သည်များက ဈေးအနည်ထိုင်မည့်အချိန်ကို စောင့်ကြည့်နေကြသဖြင့် အရောင်းအဝယ် အေးနေသည်။ 

စက်တင်ဘာလတွင် ဗီယက်နမ်ဆန်ကို အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် တူရကီတို့ထံ တင်ပို့ခဲ့သည်။

ဘတ်ငွေလဲနှုန်းတွင် အတက်အကျများ ရှိနေသဖြင့်  ၅% ဆန်ကွဲပါ ထိုင်းဆန် ခေါ်ဈေးများ လှုပ်နေသည်။၏

 ယခင်အပတ်က တစ်မက်ထရစ်တန် $605 ရှိခဲ့ရာမှ ယခုသီတင်းပတ်တွင် ငွေလဲနှုန်းကြောင့် $590-$607 ဖြစ်လာသည်။

ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ဘတ်တန်ဖိုး ဆက်လက် ကျဆင်းနေသည်။ ပြီးခဲ့သည့် ၁၀ လတာတွင် အနိမ့်ဆုံးသို့ ရောက်ရှိနေသည်။

ယခုလထဲ ဆန်သစ် ပေါ်သဖြင့် ဈေးကျမည်ဟု ကုန်သည်များက ခန့်မှန်းထားကြသည်။

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Friday, 06 October 2023 03:35
Rate this item
(0 votes)