Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုဗစ်ကူးစက်မှု ထိန်းချုပ်နိုင်တဲ့ ဖူးခက်ဆိပ်ကမ်း ပြန်ဖွင့်လှစ်

ထိုင်းနိုင်ငံ ဖူးခက်ပြည်နယ်အတွင်း အကြီးဆုံးငါးဖမ်းလှေဆိပ်ဖြစ်တဲ့ ဖူးခက်ကော့စီးလေ ငါးဖမ်းဆိပ်ကမ်းကို သြဂုတ်လ ၃ ရက် သောကြာနေ့က ပြန်ဖွင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံကအများစုဖြစ်တဲ့ ငါးဖမ်းလုပ်သားတွေကြား ကိုဗစ်ကူးစက်မှုတွေကြောင့် သီတင်း ၂ ပါတ် ပိတ်ထားရာက ပြန်ဖွင့်ခဲ့တာပါ။ ကပ်ရောဂါ ကူးစက်မူတွေ ရှိသေးပေမယ့် ထိမ်းချုပ်နိုင်တဲ့အတွက် တဆင့်ချင်း ပြန်ဖွင့်လှစ်ပေးတာဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမူးက ပြောပါတယ်။

ထိုင်းနိုင်ငံဖူးခက်ပြည်နယ်အတွင်း မြန်မာနိုင်ငံက အပါအဝင် လှေလုပ်သား ၁၂၀ လောက် ကိုဗစ် ကပ်ရောဂါ ကူးစက်နေတာ တွေရပြီးတဲ့နောက် ထိုင်းနိုင်ငံက ဝင်ငွေအရဆုံး ငါးဖမ်းဆိပ်ကမ်းကို ၂ ပတ်ကြာပိတ်ထားခဲ့ပြီး သောကြာနေ့က ပြန်ဖွင့်လိုက်ပါပြီ။ ဖူးခက်ကော့စီးလေ ငါးဖမ်းဆိပ်ကမ်းဟာ ဖူးခက်ပြည်နယ်အတွင်း အကြီးဆုံး ဆိပ်ကမ်းဖြစ်ပြီး လှေဆိပ်ကမ်း ၁၇ ခုထဲကဝင်ငွေအများဆုံး ရရှိနေတဲ့ ဆိပ်ကမ်းဖြစ်ပါတယ်။

ရေလုပ်သား ရာနဲ့ချီ ကိုဗစ်ကပ်ရောဂါ ကူးစက်တဲ့အတွက် ငါးဖမ်းဆိပ်ကမ်းတွေ ငါးအတင်အချလုပ်နေတဲ့ဂိုဒေါင်တွေကို ၂ ပတ်ကြာပိတ်ထားပေမယ့် ကူးစက်မူ့တွေ ထိမ်းချုပ်နိုင်လို့ စက်တင်ဘာလ ၃ ရက်နေ့မှာ ပြန်ဖွင့်တာဖြစ်တယ်လို့ ဖူးခက်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Narong Woonciew ကသတင်းစာရှင်းလင်းပွဲမှာအခုလိုပြောသွားပါတယ်
"ဖူးခက်ပြည်နယ်အတွင်းမှာ ကိုဗစ် 19 ကပ်ရောဂါပိုး ကူးဆက်ပျံ့ပွားနေတာတွေရှိနေပေမယ့် ရောဂါကို ထိမ်းချုပ်နိုင်တဲ့အကြောင်း နဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ခရီးသွားလာခွင့်တွေကို တဆင့်ချင်း ဖွင့်လှစ်ပေးမှ ာဖြစ်တယ်လို့ဖူးခက် ပြည်နယ်အုပ်ချုပ်ရေးမူး Mr. Narong Woonciew ကသတင်းစာရှင်းလင်းပွဲမှာ ထိုင်းဘာသာနဲ့ပြောသွားတာပါ။

ဖူးခက်ပြည်နယ်ထဲမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံက ငါးဖမ်းလုပ်သားတွေအပါအဝင် ရွှေ့ပြောင်းလုပ်သားတွေကြား ကိုဗစ်ကူးစက်ပျံ့နှံ့ခဲ့တဲ့အတွက်၊ ဆောက်လုပ်ရေးနဲ့ လုပ်ငန်းခွင်တချို့ကို ယာယီပိတ်ပြီး ထိန်းချုပ်မှုတွေ လုပ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ပထမဦးဆုံးဖိတ်ခေါ်ခဲ့တာက ဖူးခက်ပြည်နယ်ဖြစ်ပါတယ်။ ဇူလိုင်လ ၁ ရက်နေ့က စလို့ လာလည်ဖို့ ဖိတ်ခေါ်ပြီးမကြာခင်မှာပဲ ဖူးခက်ကိုလာလည်တဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတွေကြား မျိုးဗီဇပြောင်း ကိုဗစ်ဗိုင်းရပ် Delta ပိုးကူးစက်မူတွေ တွေ့ရှိခဲ့တာပါ။

အဲဒီဒေသမှာ အလုပ်လုပ်နေတဲ့သူတွေကိုလည်းကိုဗစ်ကာကွယ်ဆေးတွေထိုးပေးပြီး ဝန်ဆောင်မူလုပ်ငန်းတွေပြန်စခဲ့ပေမယ့် မကြာသေးခင်ကပဲ ရာနဲ့ချီရှိတဲ့ လှေလုပ်သားတွေ ကိုဗစ်ကူးစက်မူတွေ ထပ်ဖြစ်ပြီး လှေဆိပ်တွေပိတ်ခဲ့ရပါတယ် ။ ခရီးသွားဧည့်သည်တွေရဲ့ ဖူးခက်ခရီးစဉ်တချို့ ဖျက်သိမ်းခဲ့ကြပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် စီးပွာရေးထိခိုက်နေတဲ့ ထိုင်းနိုင်ငံက ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့ရော စီးပွားရေးပြန်လည်နာလန်ထူနိုင်ုဖို့အတွက် အခုလို ငါးဖမ်းလှေဆိပ်ကို ခပ်မြန်မြန် ပြန်ဖွင့်တာလို့ ထိုင်းတောင်ပိုင်းခြေစိုက်ပညာရေးနဲ့ဖွံဖြိုးရေးအဖွဲ့က အလုပ်သမာရေးတာဝန်ခံဦးမင်းဦးကအခုလိုပြောပြပါတယ်။

"အခုလောလောဆည်သူတို့က local တိုးရစ်ပေါ့ ။ ပြည်တွင်းခရီးသွားတွေကိုပဲ စပြီး ခရီးသွားမြှင့်တင်ရေးလုပ်ငန်းလုပ်ပြီး ခရီးသွားခိုင်းမယ်အခုရက်ပိုင်းကစပြီးကာကွယ်ဆေးထိုးပြီးတဲ့သူတွေဆိုလို့ရှိရင် ဖူးခက်ထဲကိုပေးဝင်မယ်ရေလုပ်ငန်းကလည်းဝင်ငွေကတဖက်က ရနေတော့မဖြစ်မနေ ပြည်နယ်မှူးက လုပ်နေတယ်လို့ပြောလို့ရတယ်။ အဓိက ခရီးသွားလုပ်ငန်းရေလုပ်ငန်းကနေ ဝင်ငွေ အများဆုံးရတဲ့ ဝင်ငွေစာရင်းထဲမှာပါတယ် ။ ကိုဗစ်ဖြစ်ပြီး နောက်ပိုင်းအကုန်လုံးပိတ်ရတယ်စားသောက်ဆိုင်တွေပိတ်တယ်ဆိုတော့ စားသောက်ဆိုင်တွေဖွင့်မှ ရေလုပ်ငန်းကထွက်တာတွေကိုသွင်းလို့ရမယ်တခြားနိုင်ငံတွေကိုလည်းတင်သွင်းတာဆိုတော့ ကိုဗစ်ကြောင့် ဝယ်တဲ့အားတွေကျသွားတယ်"
အခုလို ငါးဖမ်းဆိပ်ကမ်းတွေ ပိတ်ထားတဲ့အချိန်မတိုင်ခင်ကတည်းက ရေလုပ်သားတွေကြားကိုဗစ်ကူးစက်မူတွေရှိနေတာပါ။ ဒီကာလတွေအတွင်းမှာ ရေလုပ်သားတွေရဲ့ ကျန်းမာရေးအတွက်ကော လုပ်အားခအတွက်ပါနစ်နာမူတွေရှိတာကြောင့် အလုပ်သမားရေးလုပ်ဆောင်နေသူတွေက ကြိုးစားဆောင်ရွက်ပေးခဲ့ရတယ်လို့လည် းဦးမင်းဦးက ပြောပါတယ် ။
ဖူးခက်က ရေလုပ်သားနဲ့ပတ်သက်ပြီးပြသနာတက်ထားတယ် နားထားချိန်မှာ သတ်မှတ်ထားတဲ့ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မူ့တို့ လုပ်အားခနစ်နာမူတွေပေးဖို့အလုပ်သမားရေးနဲ့ပတ်သက်တဲ့အဖွဲ့တွေက ပြည်နယ်မူ့းကိုစာတင်ခဲ့ရသေးတယ်။
"အဲဓီကက ကော့စီးလေလို့ခေါ်တဲ့ငါးဖမ်းလှေဆိပ်ပေါ့ အာလံးုပေါင်းအလုပ်သမားက ၃၀၀၀ ကျော်လောက်ရှိတယ် အဲဒီထဲမှာမြန်မာကအများဆုံး မြန်မာက ၁၇၀၀ ကျော်ရှိတယ်"
မြန်မာအလုပ်သမားတွေ အလုပ်လုပ်နေကြတဲ့ ဖူးခက် ရေလုပ်ငန်းတွေက ရရှိတဲ့ ဝင်ငွေက နှစ်စဉ်
ထိုင်းဘတ်ငွေဘီလျံနဲ့ရှိတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမူးက ပြောဆိုခဲ့ကြောင်းဦးမင်းဦးကတော့ပြောပါတယ်။
" ပြောရမယ်ဆိုရင် နှစ်စဉ်ငါးထုတ်တာက တန်ချိန်တသောင်းဝန်းကျင်ရှိတယ် ငါးရတာပေါ့ ဝင်ငွေနှစ်စဉ်ဝင်ငွေက 4.5 billion baht လောက်ရှိတယ်ပျမ်းမျှပေါ့ "
ထိုင်းဝန်ကြီးချုပ်ကတော့ကိုဗစ်ကပ်ရောဂါကို ကာကွယ်ကုသနေရင်းနဲ့ ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်သွားဖို့ ပြောကြားခဲ့ပြီးစက်တင်ဘာလ ၁ ရက်နေ့ကစလို့ပြည်တွင်းခရီးသွားလာရေးတွေကိုပြန်လည်ခွင့်ပြုခဲ့သလို့ စားသောက်ဆိုင်လုပ်ငန်းတွေနဲ့ တခြားလုပ်ငန်းတွေကိုလည်း ဖြေလျော့ပေးခဲ့ပါတယ် ။
ဒါပေမယ့်လည်း ထိုင်းနိုင်ငံတွင်းကိုဗစ်ကူးစက်မူတွေကနေစဉ်သောင်းချီတိုးနေဆဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံတွင်း ကိုဗစ်အတည်ပြုလူနာ ၁၂၅၄၀၀၀ ကျော်ရှိပြီး စက်တင်ဘာလ ၃ ရက်နေ့ တနေ့တည်း ကူးစက်သူ ၁၅၀၀၀ နီးပါးရှိပြီး သေဆုံးသူစုစုပေါင်းကတော့ ၁၂၃၇၄ ဦးရှိပြီးဖြစ်ကြောင်းထိုင်းကျန်းမာရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။

BBC

 

Read times
Rate this item
(0 votes)