Thiland
ထိုင်းသကြား ဗီယက်နမ် ဒဏ်ကြေးသတ်မှတ်
ထိုင်းသကြား ဗီယက်နမ် ဒဏ်ကြေးသတ်မှတ်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ဗီယက်နမ်သည် ထိုင်းနိုင်ငံ၏ အကြီးဆုံးသကြားထုတ်လုပ်သူအချို့ထံမှ တင်သွင်းသော သကြားထုတ်ကုန်များအပေါ် ဈေးချပြီး စုပုံတင်ပို့သည့်အတွက် ဒဏ်ေကြး အဖြစ် anti-dumping tax များ ချမှတ်ခဲ့ကြောင်း ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့(ဩဂုတ် ၈)တွင် ပြောကြားခဲ့သည်။
တရားမျှတစွာ ယှဉ်ပြိုင်မှုကို ဆန့်ကျင်သည့် လုပ်ဆောင်ချက်များ ရှိနေကြောင်း စွပ်စွဲချက်များကို ဂရုတစိုက်ဖြင့် တရားမျှတမှုရှိသော စုံစမ်းစစ်ဆေးမှုအပြီးမှာ ယခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ပါသည်။
ဒဏ်ကြေးအခွန်များကို ဩဂုတ် ၁၈ ရက်မှ ၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်အထိ ချမှတ်မည်ဖြစ်သည်။
ဒဏ်ကြေးအဖြစ် အခွန် ၃၂.၇၅ ရာခိုင်နှုန်းကို အာရှ၏ အကြီးဆုံးသကြားနှင့် ဇီဝစွမ်းအင်ထုတ်လုပ်သူ Mitr Phol Sugar နှင့် ဆက်စပ်ကုမ္ပဏီလေးခုကို စည်းကြပ်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Thai Roong Ruang Industry နှင့် ၎င်း၏ လုပ်ငန်းခွဲငါးခုတို့ကို ဒဏ်ကြေးအခွန် ၂၅.၇၃% စည်းကြပ်မည် ဖြစ်သည်။
ယမန်နှစ်တွင် ဟနွိုင်းသည် အရှေ့တောင်အာရှငါးနိုင်ငံမှ တင်သွင်းသော သကြားထွက်ကုန်အချို့အပေါ် anti-dumping tax ၄၇.၆၄% ချမှတ်ခဲ့သည်။ ထိုင်းသကြားကို anti-dumping tax ၄ နှစ် ပြဋ္ဌာန်းထားသဖြင့် ထိုင်းကုန်သည်တို့က မြန်မာအပါအဝင် အခြားအာဆီယံ နိုင်ငံများသို့ တင်ပို့ပြီး ၎င်းနိုင်ငံများမှ ထုတ်လုပ်သည့် သကြားများအဖြစ် မူရင်းနိုင်ငံ ဖုံးကွယ်ပြီး ဗီယက်နမ်သို့ တင်ပို့နေသဖြင့် ၎င်းအာဆီယံနိုင်ငံများကိုပါ anti-dumping tax စည်းကြပ်သည့် စာရင်းထဲ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။
ဗီယက်နမ်က မြန်မာအပါအဝင် ၅ နိုင်ငံကို သကြားအခွန် ပြဋ္ဌာန်း
https://www.industrialdirectory.com.mm/article/vietnam-imposes-tax-on-sugar-5-more-countries.html
သို့ဖြစ်ရာ မြန်မာသကြားစစ်စစ်ဖြစ်ကြောင်း အထောက်အထား ခိုင်လုံပါက ဒဏ်ကြေးအခွန် စည်းကြပ်ခြင်း မပြုချေ။
Source bangkokpost
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL