Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ငါးအချိုကြော်

Unicode

 

ထိုင်းစတိုင် ငါးအချိုကြော်


ထိုင်းစတိုင် လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ငါးကြော်ချက်နည်းကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ငါးကြင်း၊ ချင်း၊ ပဲငပိအနှစ်၊ ခရုဆီ၊ ကြက်သွန်မြိတ်၊ တရုတ်နံနံ၊ ငရုတ်ပွအနီ၊ ငရုတ်ပွအဝါ၊ ဆီ တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ငါးကို ရေဆေးသန့်စင်ပြီး အရွယ်တော်အတုံးကလေးတွေဖြစ်အောင်တုံးထားပါ။ ပြီးလျှင် ဆားဖြင့် နယ်ပေးထားပါ။


Dried Tea Leaves (296)လက္ဖက္ေျခာက္လုပ္ငန္းမ်ား (၂၉၆) ခုကိုရွာရန္ႏွိပ္ပါ။


ပြီးနောက် ချင်းကို ရေဆေးပါးပါးလှီးပြီး အမြှောင်းကလေးများဖြစ်အောင်ဖြစ်လှီးထားပါ။


ငရုတ်ပွအနီ၊ ငရုတ်ပွအဝါကိုလည်း အမြှောင်းကလေးများဖြစ်အောင် လှီးထားပါ။


ပြီးလျှင် ကျန်တဲ့ချင်းကို ညက်အောင်ထောင်းထားပါ။ တရုတ်နံနံနဲ့ ကြက်သွန်မြိတ်ကို ရေဆေးပြီး လှီးဖြတ်ထားပါ။


ပြီးနောက် ဒယ်အိုးထဲဆီထည့် တုံးထားတဲ့ငါးကြော်ကို ထည့်ပြီးကြော်ပေးပါ။ ကျက်ရင်တော့ ဆယ်ပေးထားပါ။


Read More >>>>>  ချဉ်ငံစပ် ဆိတ်အူပြုပ် အရည်သောက်ဆမ်း


ပြီးလျှင် ဒယ်အိုးထဲ ဆီအနည်းငယ်ထည့် ညက်အောင်ထောင်းထားတဲ့ ချင်းကို ဆီသတ်ပေးပါ။


ပြီးနောက် ပဲငပိကို ထည့်လိုက်ပါ။


ပြီးလျှင် ခရုဆီကိုထည့်ပေးပါ။


ပြီးနောက် ရေအနည်းငယ်ထည့်ပြီး မွှေပေးထားပါ။ ဆီပြန်ရင်တော့ ကြော်ထားတဲ့ ငါးကြော်ကို ထည့်လိုက်ပါ။


ပြီးလျှင် ကြက်သွန်မြိတ်၊ တရုတ်နံနံ၊ ချင်း၊ ငရုတ်ပွအနီ၊ ငရုတ်ပွအဝါတို့ကိုထည့်ပြီး နှံ့အောင် မွှေထားပေးပါ။


ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး အရသာရှိတဲ့ ထိုင်းစတိုင် ငါးကြော်ကို ထမင်းပူပူလေးနဲ့ တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။


Myanmar Food Industry Directory (WWH)

 

 

 

ထိုင္းစတိုင္ ငါးအခ်ဳိေၾကာ္

 

ထိုင္းစတိုင္ လြယ္လင့္တကူ ခ်က္ျပဳတ္ႏိုင္တဲ့ ငါးေၾကာ္ခ်က္နည္းကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။

 

ပါဝင္ပစၥည္းမ်ားကေတာ့ ငါးၾကင္း၊ ခ်င္း၊ ပဲငပိအႏွစ္၊ ခ႐ုဆီ၊ ၾကက္သြန္ၿမိတ္၊ တ႐ုတ္နံနံ၊ င႐ုတ္ပြအနီ၊ င႐ုတ္ပြအဝါ၊ ဆီ တို႕ လိုအပ္ပါမယ္။

 

ပထမဦးဆံုး ငါးကို ေရေဆးသန္႕စင္ၿပီး အရြယ္ေတာ္အတံုးကေလးေတြျဖစ္ေအာင္တံုးထားပါ။ ၿပီးလွ်င္ ဆားျဖင့္ နယ္ေပးထားပါ။

 

Dried Tea Leaves (296)လက္ဖက္ေျခာက္လုပ္ငန္းမ်ား (၂၉၆) ခုကိုရွာရန္ႏွိပ္ပါ။

 

ၿပီးေနာက္ ခ်င္းကို ေရေဆးပါးပါးလွီးၿပီး အေျမွာင္းကေလးမ်ားျဖစ္ေအာင္ျဖစ္လွီးထားပါ။


င႐ုတ္ပြအနီ၊ င႐ုတ္ပြအဝါကိုလည္း အေျမွာင္းကေလးမ်ားျဖစ္ေအာင္ လွီးထားပါ။

 

ၿပီးလွ်င္ က်န္တဲ့ခ်င္းကို ညက္ေအာင္ေထာင္းထားပါ။ တ႐ုတ္နံနံနဲ႕ ၾကက္သြန္ၿမိတ္ကို ေရေဆးၿပီး လွီးျဖတ္ထားပါ။

 

ၿပီးေနာက္ ဒယ္အိုးထဲဆီထည့္ တံုးထားတ့ဲငါးေၾကာ္ကို ထည့္ၿပီးေၾကာ္ေပးပါ။ က်က္ရင္ေတာ့ ဆယ္ေပးထားပါ။

 

Read More >>>>>  ခ်ဥ္ငံစပ္ ဆိတ္အူျပဳပ္ အရည္ေသာက္ဆမ္း

 

ၿပီးလွ်င္ ဒယ္အိုးထဲ ဆီအနည္းငယ္ထည့္ ညက္ေအာင္ေထာင္းထားတဲ့ ခ်င္းကို ဆီသတ္ေပးပါ။

 

ၿပီးေနာက္ ပဲငပိကို ထည့္လိုက္ပါ။

 

ၿပီးလွ်င္ ခ႐ုဆီကိုထည့္ေပးပါ။

 

ၿပီးေနာက္ ေရအနည္းငယ္ထည့္ၿပီး ေမႊေပးထားပါ။ ဆီျပန္ရင္ေတာ့ ေၾကာ္ထားတဲ့ ငါးေၾကာ္ကို ထည့္လိုက္ပါ။

 

ၿပီးလွ်င္ ၾကက္သြန္ၿမိတ္၊ တ႐ုတ္နံနံ၊ ခ်င္း၊ င႐ုတ္ပြအနီ၊ င႐ုတ္ပြအဝါတို႕ကိုထည့္ၿပီး ႏွ႔ံေအာင္ ေမႊထားေပးပါ။

 

ၿပီးရင္ေတာ့ ပန္းကန္ထဲထည့္ၿပီး အရသာရွိတဲ့ ထိုင္းစတိုင္ ငါးေၾကာ္ကို ထမင္းပူပူေလးနဲ႕ တြဲဖက္၍ သံုးေဆာင္ႏိုင္ပါတယ္။

 

Myanmar Food Industry Directory (WWH)

Read times Last modified on Friday, 21 February 2020 17:38
Rate this item
(0 votes)