Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ပုစွန် ဘေကွန်မြေအိုးဟင်းလျာ

ထိုင်းစတိုင် ပုစွန်၊ ဘေကွန် မြေအိုးဟင်းလျာကတော့ တကယ်ကို အရသာ ထူးခြားကောင်းမွန်တဲ့ ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ ချက်ရလည်း လွယ်တာကူတာကြောင့် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ပုစွန်၊ ပဲကြာဆံ၊ ကြက်သွန်ဖြူ၊ ဘေကွန်၊ ကြက်သွန်မြိတ်၊ တရုတ်နံနံ တို့ပါဝင်ပြီး ဆော့စ်အတွက် ဆန်ဝိုင်၊ ငါးငံပြာရည်၊ ပဲငံပြာရည်အကြည်၊ ခရုဆီ၊ သကြား၊ နှမ်းဆီ တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ပုစွန်များကို ခေါင်းဖြုတ်ပြီး အခွံချန်ထားပေးပါ။

 

Read More >>>>> ထိုင်းစတိုင် ကြက်သားအစာသွပ်မုန့်

 

ပြီးလျှင် ဆော့စ်အတွက် ဆန်ဝိုင်၊ ငါးငံပြာရည်၊ ပဲငံပြာရည်၊ ခရုဆီ၊ သကြား၊ နှမ်းဆီ တို့ကို သမအောင် ရောမွှေပေးပါ။

 

ပြီးနောက် မြေအိုးကို အပူပေးပြီ ဘေကွန်များကို ခင်းပေးပြီး မိနစ်အနည်းငယ်ခန့် ဘေကွန် ကြွပ်သည်အထိ တည်ထားပါ။

 

ပြီးတော့မှ ကြက်သွန်ဖြူများကို မိနစ်ဝက်ခန့် ထည့်ပြီး ဆီသပ်ပေးပါ။

 

ပြီးနောက် ရောမွှေထားသော ဆော့စ်များထည့်၊ ပုစွန်ထည့်ပြီး ဆော့စ်ရည် တစ်ဝက်ခမ်းသည်အထိ တည်ထားပေးပါ။

 

ပြီးလျှင် ဆော့စ်ရည်တစ်ဝက်ခမ်းသွားလျှင် ပုစွန်များကို ပြန်ဆယ်ထားပြီး ပဲကြာဆံများကို ထည့်၍ ဆော့စ်ရည်အားလုံးကို ပဲကြာဆံစုပ်ယူသွားသည်အထိ တည်ပေးထားပါ။

 

ပြီးမှ ပဲကြာဆံ ဆီပြန်လာလျှင် အပေါ်မှ နံနံပင်၊ ကြက်သွန်ဖြူ၊ ပုစွန်များကို ဖြန့်ခင်းပေးပြီးရင်တော့ ထိုင်းစတိုင် ပုစွန် ဘေကွန်မြေအိုးဟင်းလျာကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Wednesday, 27 February 2019 14:08
Rate this item
(2 votes)