Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ရှူးရှဲအရသာ ချဉ်ငံစပ် ယိုးဒယားကျွဲကောသီး ဂဏန်းသုပ်

ဒီတစ်ပတ်တော့ အရသာထူးခြားပြီး အစပ်ကြိုက်သူတွေ နှစ်သက်မယ့် ဟင်းလျာတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

 

ပြင်ဆင်ချက်ပြုတ်ရတာ လွယ်ကူသလို ထမင်းမြိန်စေမယ့် ဟင်းပါ။ အရှေ့တောင်အာရှဒေသထွက် ကျွဲကောသီးရယ်၊ ပင်လယ်စာတွေထဲကမှ အရသာရှိပြီး လူတိုင်းကြိုက်တဲ့ ဂဏန်းနဲ့ တွဲဖက်ပြင်ဆင်ထားလို့ မိသား စုထမင်းဝိုင်းမှာ မျက်နှာပန်းလှစေမယ့် ဟင်းတခွက်ပါ။

 

ယိုးဒယားစတိုင် ကျွဲကောသီးနဲ့ ဂဏန်းသုပ်ဖို့အတွက် ဂဏန်း၊ ကျွဲကောသီး၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ချင်း၊ ရှောက်ရွက်၊ သကြား၊ ငံပြာရည်၊ Rice wine vinegar၊ နံနံပင်၊ ပင်စိမ်း၊ ကြက်သွန်မြိတ် တို့ လိုအပ်ပါမယ်။


အသုပ်မသုပ်ခင် ဂဏန်းကို သေချာဆေးကြောပြီး ပေါင်းထားပါ။ ကျွဲကောသီးကို အစိတ်ကနေ အမျှင်လေးတွေ နွှင်ထားပါ။ အသုပ်ထဲထည့်ဖို့ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ရှောက်ရွက်၊ စပါးလင်တို့ကို ကြိတ်စက်ထဲထည့်ကြိတ်ပါ။

 

ပေါင်းထားတဲ့ ဂဏန်းကို အသားတွေချည်းရအောင် နွှင်ပါ။ လက်ညှပ်တွေကို ငရုတ်ဆုံထဲထည့်ပြီး အနည်းငယ် ထုထောင်းထားပါ။ ဂဏန်းအပြင် တခြားပင်လယ်စာတွေပါ ထပ်ထည့်နိုင်ပါတယ်။

 Read More >>>>>  ယိုးဒယားစတိုင် ဆန်ပြားခေါက်ဆွဲကြော်

တခြားနည်းတွေမှာတော့ ဂဏန်းကိုမပေါင်းဘဲ အစိမ်းသုပ်တာမျိုးလည်းရှိပါတယ်။ အစိမ်းသုပ်တဲ့အခါ ဂဏန်းအသား အထူးလတ်ဆတ်ဖို့ လိုပါတယ်။

 

အားလုံးပြင်ဆင်ပြီးပြီဆိုရင်တော့ ဇလုံတစ်ခုထဲမှာ ဂဏန်းအသား၊ ကျွဲကောသီး၊ ကြိတ်ထားတဲ့ အမွှေးအရသာ တွေရယ်၊ ငံပြာရည်၊ Rice Wine Vinegar ၊ သကြားအနည်းငယ်ထည့်ပြီး သမအောင်မွှေပါ။

 

ပြီးလျှင် အရသာမြည်းကြည့်လို့ အနေတော်ပဲဆိုရင် ပန်းကန်ပြားထဲထည့်ပြီး နံနံပင်နဲ့ ပင်စိမ်းကို အပေါ်ကဖြူးလိုက်ရင် အနံ့အရသာမွှေးပြီး ချဉ်စပ်လေးနဲ့ စားကောင်းတဲ့ ထိုင်းစတိုင်ကျွဲကောသီး ဂဏန်းအသုပ် ရပါပြီ။

 

Ref: Food Republic
Source: Irriwaddy

Read times Last modified on Friday, 08 March 2019 13:56
Rate this item
(1 Vote)