Thiland



Suntory PepsiCo ကျန်းမာရေး ရှုထောင့်မှ အချိုရည်များ ထုတ်လုပ်

Suntory PepsiCo ကျန်းမာရေး ရှုထောင့်မှ အချိုရည်များ ထုတ်လုပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်းနိုင်ငံမှ အဖျော်ယမကာလုပ်ငန်း Suntory PepsiCo Beverage (Thailand) Co Ltd သည် Suntory နှင့် PepsiCo အမှတ်တံဆိပ်များအောက်မှ အဖျော်ယမကာများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီဖြစ်သည်။

Suntory Beverage & Food Ltd နှင့် PepsiCo Inc တို့အကြား ၂၀၁၈ ခုနှစ်တွင် ဖက်စပ်သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး Suntory PepsiCo Beverage (Thailand) Co Ltd. ကို ထူထောင်ခဲ့သည်မှာ ၅ နှစ် ရှိပြီဖြစ်သည်။

လွန်ခဲ့သည့်ငါးနှစ်အတွင်း ကုမ္ပဏီသည် “Must Win Battle” ဗျူဟာအောက်တွင် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး နှစ်စဉ် ပျမ်းမျှ ၅.၉% ကြီးထွားခဲ့သည်။ 

ဈေးကွက်နယ်ပယ်အသစ်များအဖြစ် အသင့်သောက် လက်ဖက်ရည်နှင့် အသင့်သောက် ကော်ဖီတို့ကိုလည်း ရောင်းချသည်။

 

photo_2023-04-04_17-24-48.jpg

 

 

339143095_943363840317892_8580452895246837391_n.jpg

 

ကာဗွန်နိတ်အချိုရည်များကို ကျန်းမာရေး ရှုထောင့်ဖြင့် သောက်သုံးသူများအတွက် ရွေးစရာအချိုရည်အမျိုးအမည်များ ထုတ်လုပ်သည်။ သကြားပါဝင်မှု နည်းသောအချိုရည်များ၊ သကြားမပါသော အချိုရည်များ ထုတ်လုပ်သည်။

အဖျော်ယမကာ တစ်နှစ်လျှင် လီတာ သန်း ၆၀၀ ထုတ်လုပ်နိုင်စွမ်းရှိသည်။

 .

"၂၀၁၈ မှ ၂၀၂၂ ခုနှစ်အထိ ထိုင်းအဖျော်ယမကာဈေးကွက် ကြီးထွားခဲ့ပါတယ်။ ထိုင်းအဖျော်ယမကာဈေးကွက်မှာ အထူးသဖြင့် သကြားနည်းသော သို့မဟုတ် လုံးဝမပါသော အဖျော်ယမကာ ထုတ်ကုန်များ တိုးတက်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိနေပါတယ်" ဟု Suntory PepsiCo Beverage (Thailand) Co Ltd မှ စျေးကွက်ရှာဖွေရေးအရာရှိချုပ် Anawat Sangkhasap က ပြောကြားသည်။ ပြီးခဲ့သည့် ၅ နှစ်တာတွင် Pepsi No Sugar ဖျော်ရည် ရောင်းအား ကြီးထွားခဲ့သည်။

"ကျွန်တော်တို့ “Tea+” သောက်ရန် အသင့် လက်ဖက်ရည် စတင်ရောင်းချခဲ့ပါတယ်။ “Boss Coffee" လည်း ‌စတင်ရောင်းချခဲ့ပါတယ်။ ကြီးထွားမယ့် အလားအလာရှိတဲ့ စျေးကွက်နှစ်ခုမှာ  ယှဉ်ပြိုင်ရန်အတွက် ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

အားဖြည့်အချိုရည် energy drink ဈေးကွက်ကို “Rockstar” အားဖြည့်အချိုရည် ထုတ်လုပ်ပြီး ယှဉ်ပြိုင်သည်။

"အားဖြည့်အချိုရည်ဈေးကွက်က လာမယ့် ငါးနှစ်အတွင်း ကြီးထွားနှုန်း မြင့်မားလိမ့်မယ် မျှော်လင့်ထားပါတယ်" ဟု Anawat က ပြောကြားသည်။

"ဝန်ထမ်းများနှင့်ပတ်သက်လို့ ပြောရရင် ကျွန်တော်တို့က ကွန်တော်တို့ရဲ့ ဝန်ထမ်းများကို ကုမ္ပဏီနှင့် အတူတကွ ကြီးထွားတိုးတက်စေရမယ်လို့ သံန္နိဋ္ဌာန် ချထားပါတယ်။ အဲဒီမူဝါဒကို ကျင့်သုံးပါတယ်" ဟု ကော်ပိုရိတ်ရေးရာ အရာရှိချုပ် Piengchit Sriprasart က ပြောကြားသည်။

Source nationthailand 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Tuesday, 04 April 2023 17:28
Rate this item
(0 votes)