Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်တိုင်း ဒေသကြီး၏ ပထမဆုံး အထွက်တိုး မြေပဲမျိုးများကို မြန်မာနိုင်ငံအလယ်ပိုင်းသို့ တင်ပို့မည်

ရန်ကုန်တိုင်းဒေသကြီး၏ ပထမဆုံး မြေပဲစံပြစိုက်ကွက်မှ  မြေပဲအထွက်နှုန်း ထက်ဝက်ကျော် တိုးတက်ခဲ့ရာ  ယင်းမြေပဲ များမှ  အများစုကိုမျိုးအဖြစ်  မြန်မာနိုင်ငံအလယ်ပိုင်းဒေသသို့ တင်ပို့မည်ဖြစ်ကြောင်း 

   မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းဥက္ကဋ္ဌ ဦးခင်စိုး၏ပြောပြချက်အရ သိရသည်။

 

မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း အနေဖြင့်  ဆီထွက်သီးနှံကဏ္ဍ  ဖွံ့ဖြိုးရေးအတွက် ဆီထွက်သီးနှံများကို စီမံကိန်း ချမှတ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌စိုက်ပျိုးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ပိုက်ကြီး ဝဲကျေးရွာ ကွင်းအမှတ် ၁ဝ၃၇(အေ) ၏   လယ်ဧက၌  စံပြမြေပဲစိုက်ကွက်အောင်မြင်ခဲ့ရာ တစ်ဧကလျှင် တင်း ၈ဝ မှ ၁ဝဝ အထိ ထွက်ရှိခဲ့ကြောင်း  သိရသည်။

 

''အစေ့ချဘောင်စနစ်နဲ့   စိုက်ပျိုးခဲ့တဲ့ အတွက် အထွက်နှုန်းတိုးလာတာဖြစ်ပါတယ်။ စိုက်ပျိုးပြီး  ခြွေလှေ့တဲ့အထိ  စက်တွေကိုပဲ အသုံးပြုတယ်။  အောင်မြင်တဲ့စိုက်ပျိုးရေးနည်းစနစ်ကို  ပြချင်တာပါ။  ဒီကထွက်တဲ့  မြေပဲအများစုကို မျိုးအဖြစ် အညာဒေသကို တင်ပို့မှာပါ။ တချို့ကိုတော့  ဆီကြိတ်မယ်''ဟု ဦးခင်စိုးကပြောသည်။

 

အဆိုပါစိုက်ကွက်ကို  တရုတ်၊ ထိုင်ဝမ်  နည်းပညာများဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ ယင်းစိုက်ကွက်များတွင် ယခင်က  တစ်ဧက လျှင်  တင်း ၃ဝ မှ ၃၅ တင်း ဝန်းကျင်သာ ထွက်ရှိခဲ့ကြောင်း သိရသည်။

 Read More>>>>>>  သစ်သီးရှစ်မျိုးကို တရားဝင် နယ်စပ်ထွက်ပေါက်များမှ တင်ပို့နိုင်ရန် ဆောင်ရွက်

''မြေပဲစိုက်တာ ၂၈ နှစ်ရှိပြီ။  စက်တွေ ပေါ်လာတော့ စိုက်၊ နုတ်၊ ခြွေစက် တွေနဲ့ပဲ အသုံးပြုခဲ့တာ။ လူနဲ့စိုက်တုန်း ကတော့  လုပ်သား ရှားပါးမှုတွေလည်း ရှိတယ်။ သွင်းအားစု လိုအပ်ချက်တွေကြောင့်လည်း အထွက်နှုန်းနည်းတယ်။ အခု  နည်းစနစ်နဲ့  စိုက်စနစ် ပြောင်းလိုက်တဲ့အတွက် အထွက်နှုန်း တိုးလာတယ်။  နောက်နှစ်ကို   တိုးချဲ့ စိုက်ပျိုးသွား မှာပါ'' ဟု တောင်သူ ဦးမောင်မောင်က ပြောသည်။

 

မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းမှ  ယင်းစံပြ စိုက်ကွက် အောင်မြင်ခဲ့သည့် အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်း၌  ဧက ၁ဝဝ ကို ယခုနှစ်အတွင်း ဆက်လက်စိုက်ပျိုးမည် ဖြစ်ကြောင်း သိရသည်။      

 

Source: Myawaddy

Read times Last modified on Tuesday, 26 March 2019 11:09
Rate this item
(1 Vote)