Thiland



ထိုင်းဆန် တင်ပို့မှု မေလတွင် မြင့်တက်

ထိုင်းဆန် တင်ပို့မှု မေလတွင် မြင့်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် ဇန်နဝါရီမှ မေလအတွင်း မက်ထရစ်တန်ချိန် ၃ ဒသမ ၄ သန်း ရှိသည်။ 

ဘတ်ငွေ အားပျော့ခြင်း၊ ပြည်ပမှ ဝယ်လိုအား မြင့်တက်ခြင်းတို့က အထောက်အကူ ဖြစ်စေခဲ့သည်ဟု ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သောကြာနေ့(ဇွန် ၂၃) တွင် ပြောကြားသည်။

.

 ၂၀၂၃ ခုနှစ် တစ်နှစ်လုံးတွင် ဆန်တင်ပို့မှု မက်ထရစ်တန်ချိန် ၈ သန်းကျော်မည်ဟု မျှော်မှန်းထားကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ပကုန်သွယ်ရေးဌာနမှူး Ronnarong Phoolpipat က ပြောကြားသည်။

.

ထိုင်းနိုင်ငံမှ ဆန်တင်ပို့မှုသည် ယခုနှစ်တွင် တန်ချိန် ၈ သန်းကျော်ရှိမည်ဟု ကုန်သွယ်ရေးဝန်ကြီး Jurin Laksanawisit က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့ပါသည်။

အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်၏ အကျိုးသက်ရောက်မှုများကြောင့် စပါးအထွက်နည်းမည့်အရေး ရှိနေသဖြင့် ဆန်တင်သွင်းရသည့် နိုင်ငံများက အရန်ဆန် သိုလှောင်ရန် ဝယ်ယူမှု မြင့်မားလာခြင်းကြောင့် ကမ္ဘာ့ဝယ်လိုအား မြင့်မားလာသည်ဟု ၎င်းက ပြောကြားသည်။

Source bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Saturday, 24 June 2023 02:07
Rate this item
(0 votes)