Thiland



ယခုနှစ် ထိုင်းဆန် ပြည်ပတင်ပို့မှု ဘတ် ၁၅၀ ဘီလီယံအထိ ရောက်ရှိနိုင်

ယခုနှစ် ထိုင်းဆန် ပြည်ပတင်ပို့မှု ဘတ် ၁၅၀ ဘီလီယံအထိ ရောက်ရှိနိုင်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ထိုင်းနိုင်ငံသည် ယခုနှစ်တွင် ဆန်တန်ချိန် ၈ ဒသမ ၆ မှ ၈ ဒသမ ၇ သန်းအထိ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားပြီး ယမန်နှစ်က စံချိန်တင်တန်ချိန် ၇ ဒသမ ၆၉ သန်းထက် ပိုများမည်။

 

ပို့ကုန်ဆန်တန်ဖိုး စုစုပေါင်းမှာ ဘတ် ၁၄၀ မှ ၁၅၀ ဘီလီယံအထိ ရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၂၂ ခုနှစ်တွင် စံချိန်သစ်တင်ထားသည့် ဘတ် ၁၃၈ ဘီလီယံထက် ပိုများမည် ဖြစ်သည်။

 

ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ထိုင်းနိုင်ငံသည် နိုဝင်ဘာလတွင် ဆန်တန်ချိန် ၉ သိန်းခန့် တင်ပို့ခဲ့ပြီး ဒီဇင်ဘာလတွင် တန်ချိန် ၈ သိန်း၊ ၉ သိန်း တင်ပို့ရန် စီစဉ်ထားသည်။

 

ယခုအခါ အဓိက ဆန်တင်သွင်းသူများသည် ပြည်တွင်းဆန်ထုတ်လုပ်မှု လျော့နည်းခြင်းကို ဖြည့်တင်းရန်  ထိုင်းဆန်ကို ဆက်လက်ဝယ်ယူနေကြပြီး ယခုနှစ်ကုန်နှင့် ၂၀၂၄ ခုနှစ်အစပိုင်းတွင် အရန်ဆန် သိုလှောင်ထားရန် ထိုင်းဆန်များကို ဆက်လက်ဝယ်ယူလျက်ရှိသည်။

 

Mr Chookiat ၏ အဆိုအရ အိန္ဒိယနိုင်ငံမှ ဆန်တင်ပို့မှု ကန့်သတ်ချက်များ နှင့် ကမ္ဘာ့ဆန်ဈေးနှုန်းများ မြင့်မားမှုကြောင့် ကမ္ဘာ့ဆန်ဈေးကွက် တစ်ခုလုံး ဆန်အတွက် အခက်အခဲ ရှိနေဆဲ ဖြစ်သည်။

 

“ထိုင်းဆန် အမြောက်အမြားကို ဒီနှစ်ကုန်မှာ ဆက်လက်တင်ပို့ဖို့ စီစဉ်ထားပါတယ်။ အာရှနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဂျပန်တို့ထံ တင်ပို့မယ်။ ပုံမှန်ဝယ်သူများ ဖြစ်တဲ့ 

အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အမေရိကန်တို့ထံ တင်ပို့မယ်။ ဘရာဇီးလို ထိုင်းဆန်ဝယ်နေကျ မဟုတ်တဲ့ နိုင်ငံတွေထံလည်း တင်ပို့မယ်" ဟု ၎င်းက ပြောကြားသည်။ 

 

 ယခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် ၅% ဆန်ကွဲပါ ထိုင်းဆန်ဖြူ ဈေးနှုန်းသည် တစ်တန်လျှင် ကန်ဒေါ်လာ ၆၄၀ ဖြစ်ပြီး ၅% ဆန်ကွဲပါ ဗီယက်နမ်ဆန်ဖြူ တစ်တန်လျှင် ကန်ဒေါ်လာ ၆၆၃-၆၆၇ ဖြစ်ခဲ့သည်။  ၅% ဆန်ကွဲပါ ပါကစ္စတန်ဆန်ဖြူ တစ်တန်လျှင် ကန်ဒေါ်လာ ၅၉၈-၆၀၂ ဖြစ်ခဲ့သည်။

 

 လက်ရှိ ထိုင်းပေါင်းဆန်ဈေးနှုန်းမှာ တစ်တန်လျှင် ကန်ဒေါ်လာ ၆၄၀ ဖြစ်သည်။ အိန္ဒိယပေါင်းဆန်ဈေးနှုန်းမှာ တတန်လျှင် ကန်ဒေါ်လာ ၄၉၈-၅၀၂ ဖြစ်ပြီး ပါကစ္စတန်ပေါင်းဆန်ဈေးနှုန်းမှာ တစ်တန်လျှင် ကန်ဒေါ်လာ ၅၄၆-၅၅၀ ဖြစ်ပါသည်။

 

“နောက်နှစ်မှာ ဆန်တန်ချိန် ၇ ဒသမ ၅ သန်းသာ တင်ပို့ဖို့ အသင်းက လျာထားတယ်၊ အိန္ဒိယက နောက်နှစ် အနှောင်းပိုင်းမှာ ဆန်တင်ပို့မှု ပြန်လည်စတင်လိမ့်မယ်လို့ ကြိုတင်ခန့်မှန်းထားပါတယ်" ဟု Mr Chookiat က ပြောကြားသည်။ 

 

"အိန္ဒိယဆန် တင်ပို့တာ ပြန်စပြီဆိုရင် ကမ္ဘာ့ဆန်ဈေး ကျပါလိမ့်မယ်" ဟု ၎င်းက ပြောကြားသည်။

 

ယခုနှစ် ပထမ ၁၀ လ (ဇန်န၀ါရီ-အောက်တိုဘာလ ၂၀၂၃) တွင် ထိုင်းဆန်တင်ပို့မှုသည် တန်ချိန် ၆.၉၂ သန်းရှိခဲ့ပြီး ဘတ် ၁၃၆ ဘီလီယံဖိုး ရှိခဲ့ကြောင်း အကောက်ခွန် အချက်အလက်များအရ သိရသည်။

Source bangkokpost


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Saturday, 16 December 2023 16:01
Rate this item
(0 votes)