Thiland



ထိုင်းဆန် တင်ပို့မှု ၄ နှစ်တာအတွင်း အမြင့်ဆုံး ရောက်ရှိ

ထိုင်းဆန် တင်ပို့မှု ၄ နှစ်တာအတွင်း အမြင့်ဆုံး ရောက်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အိန္ဒိယပြီးလျှင် ကမ္ဘာ့အများဆုံး ဆန်တင်ပို့သည့် ထိုင်းနိုင်ငံသည် လေးနှစ်အတွင်း ပမာဏအများဆုံး တင်ပို့မည့် လမ်းကြောင်းပေါ်တွင် ရှိနေသည်။

ဆန်တင်သွင်းသည့် နိုင်ငံများသည် အရန်ဆန် သိုလှောင်မှုများကို ဖြည့်ဆည်းရန်နှင့် စားသောက်ကုန် ကုန်ဈေးနှုန်း ဖောင်းပွမှုကို ထိန်းထားရန် ၀ယ်လိုအားကို တိုးမြှင့်ကြသဖြင့် ထိုင်းဆန် အဝယ်လိုက်သည်။

 

ယခုနှစ်အတွင်း ထိုင်းဆန် တင်ပို့မှုမှာ တန်ချိန် ၈ သန်းအထိ ရှိလာနိုင်သည်။

ထိုင်းဘတ်ငွေ အားပျော့သဖြင့် ဆန်တစ်တန် ‌ကန်ဒေါ်လာဈေးနှုန်း သက်သာနေစေခြင်း၊ တရုတ်နိုင်ငံက တရုတ်နှစ်သစ်ကူးကာလ မတိုင်ခင် အရန်ဆန် သိုလှောင်မှုကို ပြန်လည်ဖြည့်တင်းနေခြင်းတို့ကြောင့် ထိုင်းဆန် တင်ပို့မှု မြင့်တက်ကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း Thai Rice Exporters Association ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ပြောကြားသည်။ 

တင်ပို့မှုသည် လာမည့်နှစ်အထိ အလားတူရေချိန်တွင် ဆက်ရှိနေနိုင်သည်ဟု ၎င်းက ပြောကြားသည်။

 

ဂျုံနှင့် ဟင်းချက်ဆီကဲ့သို့သော မရှိမဖြစ် လိုအပ်သော အစားအစာများ၏ စျေးနှုန်းများသည် ဖေဖော်ဝါရီတွင် ယူကရိန်းအား ရုရှားမှ ကျူးကျော်ဝင်ရောက်ပြီးနောက် ပင်လယ်နက်မှတစ်ဆင့် သင်္ဘောများဖြင့်  ပို့ဆောင်မှုများကို ရပ်တန့်စေခဲ့ပြီးနောက် ယခုနှစ်တွင် စံချိန်တင်မြင့်တက်ခဲ့သည်။

အစိုးရများသည် ပြည်တွင်း စားနပ်ရိက္ခာ ကုန်ဈေးနှုန်းကို အေးနေစေရန် ပို့ကုန်များကို  ကန့်သတ်ထားသည့်  အစားအသောက် ကာကွယ်ရေးဝါဒ လှိုင်းလုံးကြီး ဖြစ်ပေါ်စေခဲ့သည်။ ထိုသို့ ကန့်သတ်သည့် နိုင်ငံများထဲတွင် အိန္ဒိယနိုင်ငံလည်း ပါဝင်ခဲ့ခြင်းက ထိုင်းဆန် တင်ပို့ရန် လမ်းပွင့်နေစေခဲ့သည်။

ဆန်သည် ကမ္ဘာ့လူဦးရေ ထက်ဝက်အတွက် အဓိကကျသော်လည်း ဈေးထိုးတက်ခဲ့ခြင်း မရှိချေ။ ဂျုံသည် ၂၀၂၂ မတ်လတွင် အမြင့်ဆုံးသို့ တက်လာသော်လည်း ဆန်က ထိုးမတက်ခဲ့ချေ။ သို့ဖြစ်ရာ အာရှတွင် ကုန်ဈေးနှုန်း ကြီးမြင့်မှုကိုညအထိုက်အလျောက် သက်သာရာ ရစေခဲ့သည်။

အင်ဒိုနီးရှားကဲ့သို့သော နိုင်ငံအချို့ရှိ လူများသည် အစားအသောက်ကုန်ကျစရိတ်ကို ထိန်းထားရန် စျေးကြီးသောဂျုံအစား စျေးသက်သာသောဆန်ကို အစားထိုး စားသုံးကြသည်။

အာရှ၏ စံတင်ရသည့် ဈေးနှုန်းများမဖျာ  ယခုနှစ် မေလတွင် တစ်တန်လျှင် ကန်ဒေါ်လာ ၄၆၈ အထိ မြင့်တက်ခဲ့ခြင်းနှင့် ဇူလိုင်လတွင် အနိမ့်ဆုံး ၄၁၀ ကန်ဒေါ်လာအထိ ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ဆန်ဈေး အမြင့်တက်ဆုံးနှစ်မှာ ၂၀၀၈ ခုနှစ်ဖြစ်ပြီး ဆန်တစ်တန် ကန်ဒေါ်လာ ၁,၀၀၀ ကျော်ခဲ့သည်။

 

ထိုင်းနိုင်ငံသည် ယခုနှစ် ၂၀၂၂ ခုနှစ်တွငါ အိန္ဒိယက ဆန်တင်ပို့မှု ကန့်သတ်သည့်အတွက် အကျိုးကျေးဇူး ရရှိခဲ့သည့်အပြင် အီရတ်နိုင်ငံကလည်း ထိုင်းဆန် ဝယ်ယူခဲ့သည်ဟု Mr Chookiat က ပြောကြားသည်။

 

ယခုနှစ် ထိုင်းဆန် အများဆုံးဝယ်ယူသည့် နိုင်ငံမှာ အီရတ်ဖြစ်သည်။ ထိုင်းဆန် တန်ချိန် ၁.၅ သန်းကို အီရတ်က ဝယ်ယူခဲ့သည်ဟု Mr Chookiat က ပြောကြားသည်။ ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် အရည်အသွေးကြောင့် ထိုင်းဆန်ကို အီရတ်က မတင်သွင်းတော့ချေ။ ယမန်နှစ်မှာ ထိုင်းဆန်ကို ပြန်လည်တင်သွင်းခဲ့သည်။

 

ထိုင်းနိုင်ငံ၏  ဆန်တင်ပို့မှု မြင့်တက်ခြင်းသည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုအပေါ် စိုးရိမ်မှုကို ထင်ဟပ်ပြသနေသည်။ နိုင်ငံတကာ ဆန်ကုန်သွယ်မှုတွင် ဝေစု ၄၀% ရရှိထားသော အိန္ဒိယတွင် ယခုနှစ် စပါးအထွက်လျော့ကျခြင်းကလည်း ပူပန်စရာ ဖြစ်နေစေသည်။

 

“နိုင်ငံတွေက အရန်ဆန်တွေ ပိုများမျာထားရှိပြီး ပြည်တွင်းဈေးကျအောင် လုပ်ဖို့ ဆန်တွေ တင်သွင်းကြတာ ပိုများလာတယ်” ဟု Mr Chookiat က ပြောကြားသည်။

"ဘတ်ငွေအားနည်းခြင်း နှင့် ယခုနှစ်တွင် ထိုင်းဆန် စျေးနှုန်းများ နိမ့်ကျခြင်းတို့က  ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်"ဟု ၎င်းက ပြောကြားသည်။

 

ယခုနှစ် တင်ပို့မှုမှာ တန်ချိန် ၈ သန်းခန့်ဟု ခန့်မှန်းခြင်းသည် ယခင်လျာထားချက် တန်ချိန် ၇ ဒသမ ၅ သန်းထက် ပိုများကြောင်း၊ ၂၀၂၁ ထက် ၂၀% ပိုများကြောင်း Mr Chookiat က ပြောကြားသည်။

 

အင်ဒိုနီးရှားနိုင်ငံ၏ ဆန်ဝယ်ယူမှုများ

 

အင်ဒိုနီးရှားသည် အရန်ဆန် သိုလှောင်မှု တိုးရန်နှင့် ငွေကြေးဖောင်းပွမှုကို ထိန်းရန်အတွက် ပြည်ပမှ ဆန်ဝယ်ယူသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာသည်။

 

နိုင်ငံပိုင် လုပ်ငန်း Bulog သည် ၂၀၁၈ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆန်ဆန်ချိန် ၂ သိန်းကို ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နှင့် မြန်မာတို့ထံမှ တင်သွင်းသည်။

၂၀၂၃ ခုနှစ်တွင် ထိုင်းဆန်တင်ပို့မှု တန်ချိန် ၈ ဒသမ ၅ သန်းအထိ မြှင့်တင်နိုင်ရန် အင်ဒိုနီးရှား၏ ဝယ်ယူမှုက ကူညီပေးလိမ့်မည်ဟု  အမေရိကန် စိုက်ပျိုးရေးဌာနက ရှုမြင်ထားသည်။ အီရတ်မှ ဝယ်လိုအား အားကောင်းသဖြင့် ယခုနှစ်အတွက် ခန့်မှန်းချက်ကို တန်ချိန် ၇.၉ သန်းသို့ တိုးမြှင့်ခဲ့သည်။

အီရတ်ဝယ်ယူမှုသည် လာမည့်နှစ်အထိ ကောင်းမွန်စွာ ဆက်လက်ရှိနေနိုင်ပြီး အင်ဒိုနီးရှားသို့ တင်ပို့မှု တိုးလာဖွယ်ရှိကြောင်း Mr Chookiat က ပြောကြားသည်။

Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Saturday, 24 December 2022 23:49
Rate this item
(0 votes)