Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မူဆယ်ကုန်သွယ်ရေးဇုန်တွင် တင်ပို့တဲ့ ကုန်တင် ကုန်ချ ဝန်ဆောင်ခများမြင့်တက်လာ

ယခုရက်ပိုင်းအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ကုန်တင်ယာဉ် အစီးရေ ဝင်ရောက်မှု  လျော့နည်းလာသောကြောင့် ကုန်တင်၊ ကုန်ချဝန်ဆောင်ခများ မြင့်တက်လာကြောင်း ကုန်သည်များ၏ ပြောဆိုချက်အရ သိရပါတယ်။

 

"ရော်ဘာ၊ ဖရဲ၊ သခွား၊ ဆန်နဲ့ ဆန်ကွဲ ကုန်ပစ္စည်းတင်တဲ့ ကုန်တင်၊ ကုန်ချအလုပ်သမား စရိတ်က အရင်နှစ်က ကားတစ်စီးကို ငွေကျပ် ငါးသောင်းရှိပြီး ဒီနှစ်မှာတော့ ငွေကျပ်  ခြောက်သောင်းကျော် ရှိကြောင်း သိရပါတယ်။ ကုန်တင်ကားခကလည်း  တက်လာတယ်။ ကျွန်တော်တို့ ရောင်းချရတဲ့    လယ်ယာထွက်ကုန် ဈေးနှုန်းကတော့    အရင်နှစ်အတိုင်းပဲ   ဘာမှမပြောင်းလဲပါဘူး"  ဟု မန္တလေး-မူဆယ် ပြောင်းကုန်သည် ဦးမော်ဦး ကပြောခဲ့ကြောင်း သိရပါတယ်။

 

လက်ရှိ မန္တလေးမှ မူဆယ်သို့  ဆန်နှင့် ဆန်ကွဲ သယ်ယူစရိတ်မှာ  တစ်ပိဿာလျှင်  ၃၃ ကျပ်မှ ၅၅ ကျပ်၊ အလုပ်သမားခ ကုန်တင်၊ ကုန်ချ ၅ဝ ကီလိုတစ်အိတ်လျှင် ၅ဝ၊ သကြား(ပြည်တွင်း) တစ်ပိဿာ သယ်ယူစရိတ်မှာ ၃၃ ကျပ်မှ ၃၅ ကျပ်၊  အလုပ်သမားခ ကုန်တင်၊ ကုန်ချ ၅ဝ ကီလိုတစ်အိတ်လျှင်  ၅၅ ကျပ်၊ ပြောင်းတစ်အိတ်လျှင်  သယ်ယူစရိတ်မှာ ၅ဝ မှ ၅၅ ကျပ်၊ အလုပ်သမားခမှာ ကုန်တင်၊ ကုန်ချ ၅ဝ ကီလိုတစ်အိတ်လျှင်  ၅ဝ ကျပ်၊ ရော်ဘာသယ်ယူစရိတ်  တစ်ပိဿာလျှင် ၅ဝ ကျပ်၊ အလုပ်သမားခ ကုန်တင်၊ ကုန်ချ ၅ဝ ကီလိုတစ်အိတ်လျှင် ၅ဝကျပ် မှ ၅၅ ကျပ် အသီးသီး ရှိကြောင်း သိရပါတယ်။

 

မန္တလေး-မူဆယ်လမ်းကြောင်းတွင် နေ့စဉ် လယ်ယာထွက်ကုန်ပစ္စည်း တန်ချိန် ကိုးသန်း မှ ၁ဝ သန်းကြားအထိ သယ်ယူပို့ဆောင်နေခြင်းဖြစ်ကာယင်းဇုန်၏  တစ်နှစ်တာ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၃ဝဝ ခန့်ရှိပြီး တစ်နိုင်ငံလုံး ကုန်သွယ်မှု၏ ၂ဝ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရပါတယ်။

နယ်စပ်စခန်း၏ ကုန်သွယ်မှု အခြေအနေ တည်ငြိမ်ပါက  တစ်နေ့လျှင်  ယာဉ်အစီးရေ ၁၅ဝဝ ကျော်တွင် ကုန်သည်ဦးရေ ၂ဝဝဝ နီးပါး နေ့စဉ်ကုန်သွယ်လေ့ ရှိကြောင်း သိရပါတယ်။

 

Read More >>>>>   ကဏန်းမည်း တင်ပို့ရောင်းချမှု ဈေးကွက်တွင် ပစ္စည်းအဝင်များသော်လည်း ဈေးကောင်းရရှိမှု နည်းပါး

 

"သယ်ယူစရိတ် တက်လာတာဖြစ်ပေမယ့် တစ်ဖက်မှာ   သီးနှံဈေးကောင်းရင်တော့ ကုန်ကျစရိတ် ကာမိစေမှာပါ။ ဒါပေမဲ့ အခု ကုန်တင်ယာဉ်တွေကို လမ်း၊ တံတားကြေးတွေ တိုးကောက်မယ်လုပ်တော့ မူဆယ်ကို အရင်ကထက်စာရင် ကားဝင်တာနည်းပါတယ်။ မိုးတွင်းဆိုတော့ လမ်းပန်းဆက်သွယ်ရေးအရ ဝေးဝေးလံလံ မလိုက်တာတွေကြောင့်လည်း   ကုန်တင်၊  ကုန်ချဝန်ဆောင်ခတွေ အနည်းငယ် တက်လာတာပါ" ဟု  မန္တလေး၊  ကျောက်ပန်းတောင်းမှ မူဆယ်သို့ ပြေးဆွဲနေသည့်  ကုန်တင်ယာဉ်ပိုင်ရှင်  ဦးစိုးလင်း ကပြောကြားခဲ့ပါတယ်။

 

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် မူဆယ်ကုန်သွယ်ရေးဇုန်သို့ ယာဉ်အစီးရေ ၃ဝဝဝဝ ကျော်၊  ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ယာဉ်အစီးရေ  ၅ဝဝဝဝ  ကျော်  ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။

 

#Myanmar Food Industrial Directory (WWH)

 

 

Read times Last modified on Friday, 12 July 2019 08:54
Rate this item
(1 Vote)