Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းမုန့်သည် ဝတ်စားဆင်ယင်မှု သတိပေးခံရ

လမ်းဘေးဆိုင်ဖွင့်ပြီး အိုးပူတိုက် မုန့်ချပ်ဝိုင်း လုပ်ရောင်းတဲ့ အသက် ၂၃ နှစ်ရှိသူ ဈေးသည် ထိုင်းအမျိုးသမီးရဲ့ ဝတ်စားဆင်ယင်မှု အမြင်မတော်လို့ ရဲက ခေါ်ယူသတိပေးခဲ့ပါတယ်။

ဈေးသည်အမျိုးသမီး Aranya Apaiso ရဲ့ ဈေးဆိုင်က ချမ်းမိုင်မှ Jed Yod-Chiang Kiang လမ်းမှာ တည်ရှိပါတယ်။ သူက မုန့်လုပ်ရောင်းချိန်မှာ ကြိုးတစ်စနဲ့ပဲ တွဲထားတဲ့ ဆွယ်တာကို ဝတ်ဆင်ထားတဲ့အတွက် ရင်သားတစ်စွန်းတစ ပေါ်နေတဲ့အတွက် ရဲက ခေါ်ယူ သတိပေးခံရတာ ဖြစ်ပါတယ်။
Olive လို့ ရင်းနှီးသူတွေက ခေါ်ဝေါ်ကြတဲ့ Apaiso က သူ့ကို ရဲက သတိပေးတာမှာ အတွင်းခံ ဘရာ ဝတ်ဆင်ဖို့အပြင် လူချင်း ခပ်ခွာခွာနေတဲ့ ကိုဗစ်စည်းကမ်းကို လိုက်နာစောင့်ထိန်းဖို့လည်း သတိပေးခဲ့တယ်လို့ သူက ပြန်ပြောပြပါတယ်။ သူလုပ်တဲ့ မုန့်က အရသာကောင်း စားမြိန်လို့ တန်းစီစောင့်ပြီး ဝယ်ယူကြတဲ့သူတွေအကြား ခပ်ခွာခွာနေခြင်း social distance ကို ဂရုစိုက်ဖို့ ပြောခဲ့ပါတယ်။
ယခုလို ဝတ်စားဆင်ယင်ပြီး ရောင်းချတဲ့အကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြကြတာ ထိုင်းနိုင်ငံမှာသာမက မလေးရှား၊ စင်ကာပူ အစရှိတဲ့ အိမ်နီးနားချင်းနိုင်ငံများမှ သတင်းမီဒီယာများမှာပါ ဖော်ပြကြပါတယ်။

Apaiso က ရှင်းပြတာမှာ သူလုပ်တဲ့ မုန့်တွေ ရောင်းကောင်းအောင် သူက မလုံ့တလုံ ဝတ်စားထားတာ မဟုတ်ပါဘူး။ နဂိုကတည်းက သူက အဲဒီလိုမျိုး ဝတ်လေ့ဝတ်ထ ရှိပါတယ်။ အခုလိုမျိုး ဝတ်စားရတာကို နှစ်သက်တယ်လို့ ပြောပါတယ်။
ယခင်က ဆယ်ကျော်သက်တွေအတွက် ဖက်ရှင်ထည်တွေ ရောင်းခဲ့ဖူးတယ်။ ဒါပေမဲ့ အခုလို မုန့်လုပ်ပြီး ရောင်းတာက သူ့အဖို့ ပိုအကျိုးပေးတယ်လို့ ဆိုပါတယ်။

 

 

Read 1387 times Last modified on Sunday, 28 November 2021 15:37
Rate this item
(0 votes)