Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


တစ်ပတ်တာ အာရှဆန် ဈေးနှုန်း အတက်အကျများ

တစ်ပတ်တာ အာရှဆန် ဈေးနှုန်း အတက်အကျများ

 

TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

 

အရှေ့အလယ်ပိုင်းနှင့် တောင်အာရှတို့မှ ဝယ်လိုအားကြောင့် ထိုင်းနိုင်ငံမှ တင်ပို့သည့် ဆန်ဈေးသည် ယခုသီတင်းပတ်အတွင်း မြင့်တက်ခဲ့သည်။

၅ ရာခိုင်နှုန်း ဆန်ကွဲပါ ထိုင်းဆန် <RI-THBKN5-P1> သည် လွန်ခဲ့သည့် တစ်ပတ်က တစ်တန်လျှင် ကန်ဒေါ်လာ ၄၂၀ မှ ၄၃၅ ဒေါ်လာမှ  ယခု သီတင်းပတ်တွင် ကန်ဒေါ်လာ ၄၂၂ မှ ၄၃၅ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။

“ဘင်္ဂလားဒေ့ရှ်ထံမှ တန်ချိန် နှစ်သိန်း သုံးသိန်း ဝယ်ယူမှု အသစ် ရတယ်။ အီရတ်ကိုလည်း ဆန်ပေးပို့မှုအသစ်တွေ ရှိလာပါတယ်” ဟု ဘန်ကောက်အခြေစိုက် ကုန်သည်တဦးက ရိုက်တာသတင်းဌာနကို ပြောသည်။

 

အီရန်နိုင်ငံမှ ၀ယ်လိုအားများ ရရှိလာသော်လည်း  အဆိုပါ စျေးကွက်ကို ဝန်ဆောင်မှုပေးရန်အတွက် မရှိမဖြစ် လိုအပ်သော ကုန်ပစ္စည်းများ ထုတ်လုပ်သည့် အလေ့အကျင့်ကောင်း goods manufacture practice (GMP)ကို ဖြည့်ဆည်းပေးနိုင်သည့် ထိုင်းကုမ္ပဏီ အနည်းငယ်သာ ရှိသည်ဟု အခြားကုန်သည်တစ်ဦးက ပြောကြားသည်။

 

၅ ရာခိုင်နှုန်းဆန်ကွဲပါ အိန္ဒိယ ပေါင်းဆန်   <RI-INBKN5-P1> တစ်တန်လျှင် ယခင်အပတ်က ကန်ဒေါ်လာ ၃၇၆ မှ ၃၈၄ ဒေါ်လာဖြင့် ခေါ်ဈေးရှိခဲ့ပြီး ယခုအပတ်တွင် ကန်ဒေါ်လာ ၃၈၅ မှ ၃၉၂ ဒေါ်လာအထိ ကျဆင်းခဲ့သည်။

နိုင်ငံသုံးငွေ ရူပီ ဈေးကျခြင်း၊ အစိုးရက ပြည်တွင်းမှာ ဆင်းရဲသားများကို ဆန်အခမဲ့ ပေးဝေခြင်း အစီအစဉ် ဆောင်ရွက်ရန် ဆုံးဖြတ်ခြင်းတို့ကြောင့် ဆန်ဈေး ကျဆင်းသည်။

 စက်တင်ဘာလ ၂၈ ရက်တွင် ရူပီ၏ ‌ကန်ဒေါ်လာနှင့် လဲနှုန်းသည် စံချိန်တင် ကျဆင်းခဲ့သည်။

"စက်တင်ဘာလထက် ကျော်ပြီး အစိုးရက အခမဲ့ စားနပ်ရိက္ခာ ပေးဝေတာ ဆက်လုပ်တော့မှာ မဟုတ်ဘူးလို့ ကုန်သည်တချို့က မျှော်လင့်နေကြတယ်။ ဒါပေမဲ့ အစိုးရက ဆန် အခမဲ့ ဖြန့်ဖြူးမှုကို နောက်ထပ် သုံးလ ဆက်လုပ်တော့ စျေးကွက်ထဲ ဆန်တွေ ပိုလျှံလာလိမ့်မယ်"ဟု အိန္ဒိယဆန်ကုန်သည် တစ်ဦးက ပြောကြားသည်။

 

အိန္ဒိယဆန်ကွဲ တင်ပို့မှု ပိတ်ပင်ထားခြင်း၊ ဆန်အမျိုးအစားအချို့အပေါ် ပို့ကုန်ခွန် ၂၀% ကောက်ခံခြင်းများကြောင့် ဗီယက်နမ်ဆန်ကို ပိုဝယ်ကြလိမ့်မည်ဟု တွက်ဆထားကြသည်။

ဆန်ကွဲ ၅ ရာခိုင်နှုန်းပါ ဗီယက်နမ်ဆန် <RI-VNBKN5-P1> တစ်တန်လျှင်လွန်ခဲ့သည့် တစ်ပတ်က ကန်ဒေါ်လာ ၄၀၀ မှ ၄၁၀ အထိ ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် ကန်ဒေါ်လာ ၄၂၀ မှ ၄၂၅ ဒေါ်လာသို့ မြင့်တက်သည်။ 

"စျေးနှုန်းတွေကသာ  မြင့်တက်နေတာ၊ တကယ်တော့ လတ်တလောမှာ အရောင်းအဝယ် စာချုပ်အသစ်တွေ လက်မှတ်ထိုးကြတာ မရှိဘူး။ဝယ်သူတွေက ငြိမ်နေတယ်။ ရောင်းသူတွေကလည်း နောက်ထပ် ဈေးနှုန်းတက်ဖို့ စောင့်ဆိုင်းနေကြတယ်" ဟု ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီတီးမှ ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။ 

Source Reuters 

#FoodIndustryGuide

Join Telegram Channel  

https://t.me/Guid4U

 

 

အဖွားရဲ့ ကလေးတွေပေါ့ သားရဲ့ . . .



FIG

 

Read times Last modified on Sunday, 02 October 2022 11:56
Rate this item
(0 votes)