Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ယူကရိန်းစစ်ပွဲကြောင့် ထိုင်းဆန် တင်ပို့မှု မြင့်တက်

ယူကရိန်းစစ်ပွဲကြောင့် ထိုင်းဆန် တင်ပို့မှု မြင့်တက်

ဆန်တင်ပို့မှု တတိယအများဆုံးနိုင်ငံ ဖြစ်သော ထိုင်းနိုင်ငံမှ တန်တင်ပို့မှု မြင့်တက်နေပါတယ်။ ရုရှားနှင့် ယူကရိန်းတို့ထံမှ ဂျုံမရတော့သဖြင့် ဆန်ကို အစားထိုး ဝယ်ယူလာကြတာကြောင့် ဆန်တင်ပို့မှု မြင့်တက်တယ်လို့ ဆိုပါတယ်။

ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံ ဂျုံတင်ပို့မှု စုစုပေါင်းက ကမ္ဘာ့ဂျုံတင်ပို့မှုရဲ့ သုံးပုံတစ်ပုံ ရှိပါတယ်။

ထိုင်းဆန်တင်ပို့သူများအသင်း Thai Rice Exporters Association မှ ၂၀၂၂ ဧပြီလ ၁၅ ရက်မှာ ထုတ်ပြန်တဲ့ အချက်အလက်များအရ ၂၀၂၂ ပထမ ၂ လ ထိုင်းဆန်တင်ပို့မှုက ယခင်နှစ် အလားတူကာလထက် ၂၈% ပိုများခဲ့ပြီး တန်ချိန် ၁.၁ သန်း တင်ပို့ခဲ့ပါတယ်။
အသင်းအနေဖြင့် ယခုနှစ်မှာ ဆန်တန်ချိန် ၇ သန်း တင်ပို့ရန် ရည်မှန်းချက် ထားရှိတာကို ၈ သန်းလို့ တိုးမြှင့်ပြင်ဆက်လိုက်ပါတယ်။

အသင်းဥက္ကဋ္ဌ Charoen Laothamatas က "စစ်ပွဲက မျှော်လင့်ထားတာထက် ပိုကြာနိုင်တော့ တကယ်လို့ ပိုကြာခဲ့ရင် ကုန်ဈေးနှုန်းတွေ မြင့်တက်မှာ ဖြစ်လို့ ဝယ်ယူသူတွေက ဆန်ကို ဈေးမတက်ခင် ကြိုဝယ်ထားနိုင်ဖို့ ကြိုးပမ်းကြတယ်" လို့ ပြောပြပါတယ်။

ဥရောပမှ ထိုင်းဆန်တင်သွင်းသူတွေက ထိုင်းဆန် ဈေးထိုးမတက်ခင် ကြိုဝယ်ကြတယ်။

ဆန်က ဂျုံကို အစားထိုးဖို့ ထပ်တူထပ်မျှ မဖြစ်နိုင်ဘူးဆိုတာ သူတို့သိကြပေမဲ့ ပထဝီနိုင်ငံရေး မတည်ငြိမ်တဲ့ကာလမှာ စားနပ်ရိက္ခာ ဖူလုံရေးကို ဆန်က အထောက်အကူ ပေးနိုင်ပါတယ်။

"အာရှသူအာရှသားတွေ အနေများတဲ့ အရှေ့အလယ်ပိုင်းနှင့် ‌ဥရောပမှ နိုင်ငံများက ဆန် မှာယူတာ ပိုများလာတယ်" လို့ ယခင် ဥက္ကဋ္ဌဟောင်း Chookiat Ophaswongse က ပြောကြားပါတယ်။ သာဓာကအားဖြင့် အီရတ်က အဓိက ဝာ်လက် ဖြစ်လာကြောင်း ၎င်းက ပြောကြားပါတယ်။
ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီမှာ အီရတ်က ထိုင်းဆန် တန်ချိန် ၁၃၀,၀၀၀ တင်သွင်းခဲ့ပါတယ်။ ၂၀၂၁ အလားတူကာလမှာ တန်ချိန် ၁၄၆ တန် မျှသာ တင်သွင်းခဲ့ပါတယ်။

နောက်ထပ် ပဓာနကျတဲ့ ဝယ်လက်က တရုတ်နိုင်ငံ ဖြစ်ပါတယ်။ ၂၀၂၂ ပထမ ၂ လမှာ ထိုင်းဆန် တန်ချိန် ၁၆၅,၀၀၀ ဝန်းကျင် တင်ပို့ခဲ့ပါတယ်။ ယခင်နှစ် အလားတူကာလမှာ ဆန်တန်ချိန် ၇၂,၀၀၀ မျှသာ တင်ပို့ခဲ့ပါတယ်။

ဆန်းစစ်သူများက ပြောကြားရာမှာ ထိုင်းဘတ်ငွေ အားပျော့နေတာကြောင့် ထိုင်းဆန် အဝယ် ပိုလိုက်စေတယ်။ အမေရိကန်ဒေါ်လာဖြင့် ချင့်တွက်တဲ့အခါ ဈေးသက်သာနေစေတယ်။ ဖေဖော်ဝါရီလမှ ဧပြီလအတွင်း ၅% ကျဆင်းခဲ့ပြီး တစ်ဒေါ်လာ ၃၂ ဘတ် ဖြစ်ခဲ့ရာမှ ၃၃.၆ ဘတ်သို့ တန်ဖိုးကျဆင်းခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ယခုနှစ် စပါး တန်ချိန် ၃၃ သန်း ဝန်းကျင် ထွက်မယ်လို့ မျှော်လင့်ထားပါတယ်။ ဆန်တန်ချိန် ၂၃ သန်း ရရှိမှာဖြစ်ပြီး ထက်ဝက်နီးပါး ပြည်ပသို့ တင်ပို့နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

Source FMT

Read times Last modified on Thursday, 21 April 2022 14:01
Rate this item
(0 votes)