Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ပုစွန်ငုံးဥငရုတ်ပွနှပ်

ပုစွန်ငုံးဥငရုတ်ပွနှပ် 7 days

ဒီတစ်ပတ်အိမ်သားတွေကို ပုစွန်ဟင်းလေး အရသာတစ်မျိုးနဲ့ ချက်ကျွေး ရအောင်လို့ ဖော်ပြလိုက်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ပုစွန်များကို အခွံခွာ ရေစင်အောင်ဆေးကာ ခရုဆီ၊ အရသာမှုန့်၊ သကြား၊ဆားအနည်းငယ်တို့ဖြင့် နယ်ထားပါ။

၂။ ငရုတ်ပွသီးကို အစေ့ထုတ်၍ ရေဆေးကာ မိမိနှစ်သက်ရာပုံစံလှီးထားပါ။

၃။ ငရုတ်ပွခြောက်ကို ရေစိမ်၍ အစေ့ထုတ်ကာ ကြက်သွန်နီ၊ ကြက်သွန် ဖြူတို့နှင့်ရောပြီး ညက်အောင်ထောင်းပါ။

၎။ ထိုအနှစ်များကို ဆီပူပူတွင် ဆီသတ်၍ ကြွပ်လာလျှင် ပုစွန်နှင့် ငုံးဥများထည့်၍ မွှေပေးပါ။

၅။ ထို့နောက် ငရုတ်ပွသီးများထည့်၍ မွှေပြီးလျှင် ရေအနည်းငယ်ထည့် တည်ပါ။

၆။ ငရုတ်ပွသီးနူး၍ ဆီပြန်လျှင် အရသာစိတ်ကြိုက် မြည်းကာ မီးပိတ်ပေး လို့ ရပါပြီ။         

ပါဝင်ပစ္စည်းများ

ပုစွန်၃၀ ကျပ်သား

ငုံးဥ၁၅ လုံး (ပြုတ်၍အခွံခွာထားပါ)

ငရုတ်ပွသီး၁၀ ကျပ်သား

ခရုဆီစားပွဲတင်ဇွန်း ၁ ဇွန်း

ကြက်သွန်နီ ၃ လုံး

ကြက်သွန်ဖြူ၂ မြွှာ

ငရုတ်ပွခြောက်၃ ခု

ဆီစားပွဲတင်ဇွန်း ၇ ဇွန်း  

Ei's Cooking Diary မှ ပံ့ပိုးကူညီပါသည်။

Source: 7 days new

Read times Last modified on Monday, 17 September 2018 14:57
Rate this item
(2 votes)