Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းကြက်မောက် လူကြိုက်များ၊ ပြည်ပတင်ပို့မှု ပိုများလာ

ထိုင်းကြက်မောက် လူကြိုက်များ၊ ပြည်ပတင်ပို့မှု ပိုများလာ

ထိုင်းကြက်မောက်သည် လူကြိုက်များပြီး တင်ပို့မှု အရှိန်အဟုန် မြင့်တက်လာနေသည်။

 

Annotation_2022-07-31_113732.jpg

 

 ပြည်ပတင်ပို့ရန်  ကြက်မောက်သီးကို စီမံပေးရမည်မှာ လွယ်ကူသည်။ အရည်အသွေးထိန်းချုပ်မှုသည်လည်း အတော်လေးရိုးရှင်းပါသည်။ ကရိကထ သိပ်မများချေ။ သို့ဖြစ်ရာ ထိုင်းကြက်မောက်သီးသည် အရောင်းရဆုံး အသီးအသစ်ဖြစ်လာသည်။ ထိုင်းကြက်မောက် ပြည်ပသို့ တင်ပို့ရာ၌ အဓိကစျေးကွက်များမှာ ဗီယက်နမ်၊ မလေးရှား၊ မြန်မာ၊ လာအိုနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ ဖြစ်သည်။

ထိုင်းကြက်မောက်ကို ဗီယက်နမ်နှင့် မလေးရှားတို့တွင် လူကြိုက်များသည်။ 

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ၅ လတာအတွင်း တန်ချိန် ၉,၄၃၇ ၊ တန်ဖိုးအားဖြင့် ဘတ် ၁၇၇.၂၅ သန်းဖိုး တင်ပို့သည်။   ၂၀၂၁ အလားတူကာလထက် ၂၄၈ ဒသမ ၃၃ ရာခိုင်နှုန်း တိုးခဲ့သည်။ တစ်နှစ်တာ တင်ပို့မှု စုစုပေါင်း တန်ချိန် ၂၀,၀၀၀ ကျော်မည်ဟု ခန့်မှန်းထားသည်။ 

 

စိုက်ပျိုးထုတ်လုပ်ရာတွင် စီမံခန့်ခွဲမှု လွယ်ကူခြင်းနှင့် အရည်အသွေး ကောင်းမကောင်း အခွံနွှာကြည့်ရုံဖြင့် သိနိုင်ခြင်းတို့ကြောင့် ကြက်မောက်သီး စိုက်ပျိုးထုတ်လုပ်မှု လုပ်ကိုင်သူ ပိုများလာသည်။ 

ကြက်မောက်မှ ရရှိသော အမြတ်သည် တောင်သူတို့အဖို့ ကျေနပ်စရာ ဖြစ်သဖြင့် စိတ်ဝင်စားမှု ပိုများလာနေသည်။ စိုက်ပျိုးရန် စရိတ်စကလည်း မများ၊ ကရိကထလည်း မများ၊ ဆွတ်ခူးပြီးလျှင် မပုပ်ဘဲ ရက်ကြာကြာခံသည်။  

 

136e670bd5c5f84a21675ddce6bdcca6.jpg

 

ထိုင်းတွင် ကြက်မောက်နှစ်မျိုး စိုက်ပျိုးထုတ်လုပ်ကြသည်။ ကြက်မောက်နီ red rambutan နှင့် ကြက်မောက်ဝါ  golden rambutan တို့ ဖြစ်သည်။ 

 

 

Annotation_2022-07-31_114935.jpg

 

 

တစ်နှစ်လျှင် နှစ်မျိုး စုစုပေါင်း တန်ချိန် ၂၈၀,၀၀ ခန့် ထွက်သည်။ တစ်နှစ်လျှင် ပြည်ပသို့ ၁၂,၀၀၀~၁၅,၀၀၀ တန် ဝန်းကျင် တင်ပို့သည်။ စုစုပေါင်း ထုတ်လုပ်မှု၏ ၅% ဝန်းကျင်ကို ပြည်ပသို့ တင်ပို့သည်။ 

 

ယခုနှစ် ဇန်နဝါရီလမှ မေလအထိ ၅ လတာအတွင်း တန်ချိန် ၉,၄၃၇ ၊ တန်ဖိုးအားဖြင့် ဘတ် ၁၇၇.၂၅ သန်း တင်ပို့သည်။ 

#MyanmarFoodIndustryGuide

Telegram Channel  https://t.me/Guid4U

Source: FruitReviewer

Read times
Rate this item
(0 votes)