Thiland



ဘတ်ငွေ မာသဖြင့် ထိုင်းဆန် တင်ပို့မှု လျော့ကျနိုင်

 ဘတ်ငွေ မာသဖြင့် ထိုင်းဆန် တင်ပို့မှု လျော့ကျနိုင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်းဘတ်ငွေ ကန်ဒေါ်လာနှင့် လဲနှုန်းတွင် မြင့်တက်လာသဖြင့် ထိုင်းဆန် တင်ပို့မှု လျော့ကျနိုင်သည်။

နှစ်နှစ်တာအတွင်း ဈေးနှုန်းများ အမြင့်ဆုံးသို့ ရောက်လာသဖြင့် ဆန်တင်သွင်းသူအချို့သည် ထိုင်းဆန်ကို မဝယ်တော့ဘဲ အခြားနိုင်ငံမှ ဆန်ကို ဝယ်နိုင်သည်ဟု ပို့ကုန်အသင်းမှ ပြောကြားခဲ့သည်။

ထိုင်းဘတ်ငွေ ပိုမိုအားကောင်းလာခြင်းကြောင့် ထိုင်းဆန် တင်ပို့မှု ပမာဏကို ယခင်လျာထားချက် ၈ သန်းအစား ယခုနှစ်တွင် တန်ချိန် ၇ ဒသမ ၅ သန်းသို့ လျော့ကျနိုင်သည်ဟု ထိုင်းဆန် တင်ပို့ရောင်းချသူများ အသင်း Thai Rice Exporters Association မှ ပြောကြားသည်။

"ငွေလဲနှုန်းက အရမ်း အရေးကြီးပါတယ်။  ဘတ်ငွေ မာလာတော့ ဆန်ဈေးကို ဘတ်ကနေ ကန်ဒေါ်လာ ပြောင်းတဲ့အခါ ထိုင်းဆန် တစ်တန် ကန်ဒေါ်လာ ၄၀ ကနေ ၅၀ အထိ ဖြစ်လာတယ်" ဟု အသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ပြောကြားသည်။

 

"စျေးနှုန်းတွေက တစ်တန်လျှင် ကန်ဒေါ်လာ ၄၉၀ နှင့် ၄၉၅ ဒေါ်လာ (တစ်တန်) အထိ ရောက်ရှိသွားပြီး ဆန်ဈေး ခုန်တက်သွားတဲ့အခါ ဝယ်လက်တွေ အသံတိတ်သွားမယ်။ တခြားဆန်တင်ပို့နေတဲ့ နိုင်ငံတွေနဲ့ ယှဉ်ပြိင်ရတာ ပိုပြင်းထန်လာမယ်" ဟု ၎င်းက ပြောကြားသည်။ ထိုင်းပြည်တွင်းမှာ ပို့ကုန်ဆန် အလုံအလောက်ရှိနေကြောင်း၊ ဆန်လိုသလောက်မရ၍ ဈေးတက်ခြင်း မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။

 ၂ နှစ်တာနီးပါးကာလအတွင်း ထိုင်း ပို့ကုန်ဆန် ဈေးအမြင့်ဆုံးသို့ ရောက်ရှိနေသည်။ ဘတ်ငွေ မာလာခြင်းနှင့် အဝယ်လိုက်ခြင်းတို့ ပေါင်းဆုံသောကြောင့် ဖြစ်သည်။

 "ဖောက်သည်တေ‌ွက ဈေးနှုန်းကြောင့် အခြားသူများထံမှ ဝယ်ကြလိမ့်မယ်" ဟု ၎င်းက ပြောကြားသည်။

ဘတ်ငွေသည် အောက်တိုဘာလမှစ၍ အမေရိကန် ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် ၁၃ ရာခိုင်နှုန်းခန့် တန်ဖိုး မြင့်တက်လာခဲ့သည်။

Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 20 January 2023 19:49
Rate this item
(0 votes)