Thiland



ဆန်တန်ချိန် ၁ သန်းခွဲ အင်ဒိုနီးရှား ထပ်မံဝယ်ယူမည်

ဆန်တန်ချိန် ၁ သန်းခွဲ အင်ဒိုနီးရှား ထပ်မံဝယ်ယူမည်

TO GET INSTANT UPDATE 
https://t.me/Guid4U
JOIN THE CHANNEL 

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒူဒူက  အရန်ဆန် တန်ချိန် ၁ ဒသမ ၅ သန်း ထပ်မံလိုအပ်နေကြောင်း ကြေညာခဲ့သည်။ 

 ယခုနှစ်အစမှ စတင်၍ ယခုအချိန်အထိ အရန်ဆန်အတွက် ပြည်ပမှ တန်ချိန် ၂ သန်း တင်သွင်းခဲ့ပြီး ဖြစ်သော်လည်း ယခုမှ ယခုနှစ်ကုန်အထိ ကာလအတွင်း အရန်ဆန် နောက်ထပ် တန်ချိန် ၁ သန်းခွဲ ထပ်မံ လိုအပ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ခေတ္တစိုက်ပျိုးရေးဝန်ကြီး Arief Prasetyo Adi က အတည်ပြု ပြောကြားသည်။ 

 

ဆန်တန်ချိန် ၁ ဒသမ ၅ သန်း တင်သွင်းရန် လိုအပ်သည့် လိုင်စင်အားလုံးကို အင်ဒိုနီးရှား သက်ဆိုင်ရာ အာဏာပိုင်များက ထုတ်ပေးထားပြီး ဖြစ်သည်။

တင်သွင်းခြင်းကို ယခု အောက်တိုဘာလကုန်မှာ စတင်ဆောင်ရွက်မည် ဖြစ်သည်။

အင်ဒိုနီးရှားက ဆန်တန်ချိန် ၁ ဒသမ ၅ သန်း ထပ်မံဝယ်ယူရာတွင် ဗီယက်နမ်ဆန်နှင့် ထိုင်းဆန်တို့ကို  အဓိကအားဖြင့် ဝယ်ယူတင်သွင်းမည် ဖြစ်သည်။

 

 အင်ဒိုနီးရှားသည် အယ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် ပြည်တွင်း၌ စပါးအထွက် လျော့နည်းခြင်းကို ရင်ဆိုင်နေရသည်။

 

 အထူးသဖြင့် အခြေခံ စားသောက်ကုန်များ ဖြစ်သည့် ပြောင်း၊ သကြား၊ ဆန် ဈေးတက်လာသည်ကို တားဆီးသည့်အနေဖြင့် အင်ဒိုနီးရှားအစိုးရ သည် ပြည်ပမှ ပိုမိုတင်သွင်းပြီး ဖြည့်တင်းပေးမည် ဖြစ်သည်။ 

 

လက်ရှိ ကမ္ဘာ့ပထဝီဝင်နိုင်ငံရေးနှင့် ရာသီဥတုအခြေအနေကြောင့် သကြားနှင့် ပြောင်းတို့၏ ဈေးနှုန်းများသည်လည်း တဖြည်းဖြည်း မြင့်တက်လာကြောင်း ကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan က ပြောကြားသည်။

 

အင်ဒိုနီးရှားသည် တိရစ္ဆာန်အစာလုပ်ငန်းကဏ္ဍအတွက် ပြောင်းတန်ချိန် ၂၅၀,၀၀၀ တင်သွင်းမည်ဟု ၎င်းက ဆိုသည်။

 

သကြားတင်သွင်းရန်မှာ ဈေးနှုန်းများ ကျဆင်းရန် စောင့်ဆိုင်းပြီးမှ ဆုံးဖြတ်မည်ဖြစ်သည်။

 

သကြားတင်သွင်းသူများသည် သတ်မှတ်ပေးထားသော သကြားတင်သွင်းမှု ခွဲတမ်းစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းခန့်သာ တင်သွင်းရန် မှတ်ပုံတင်ထားကြောင်း ၎င်းက ပြောကြားသည်။

 

Source vnexpress 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Thursday, 19 October 2023 20:13
Rate this item
(0 votes)