Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ရေဘဝဲသုပ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင် သွားရောက်စားသောက်စရာမလိုဘဲ

အိမ်တွင်လည်း ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ ရေဘ၀ဲသုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ရေဘ၀ဲ၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ သံပရာသီး၊ ငရုတ်သီးစိမ်း၊ ရှောက်ရွက်၊ ကြက်သွန်ဖြူ၊ ငံပြာရည်၊ ဆား၊ ကြက်သားမှုန့် တို့ လိုအပ်ပါမယ်။



ပထမဆုံး ရေဘဝဲကို ရေစင်စင်ဆေး၍ ရေစစ်ထားပါ။ ပြီးလျှင် အိုးတစ်လုံးထဲသို့ ရေထည့် ရေဆူလာလျှင် ဆား သံပရာသီးညှစ်ထည့်ပြီး ရေဘဝဲထည့်ကာ မိနစ်အနည်းငယ်ကြာအောင် ပြုတ်လိုက်ပါ။

 

ရေဘ၀ဲကျက်ပြီဆိုလျှင် ရေအေးလောင်းပြီး သံပရာသီးနှင့် ထပ်နယ်ပြီးရေဆေး
ကာ ရေစစ်၍ လိုသလို လှီးထားပါ။

 

ပြီးနောက် ပန်းကန်ထဲသို့ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ရှောက်ရွက်၊ ငရုတ်သီစိမ်း၊ ငံပြာရည်၊ ကြက်သားမှုန့်၊ သံပရာသီး တို့ကို ရေဘဝဲထည့်ပြီး ရောနယ်၍ သုပ်လိုက်ပါ။

 

အရသာအနေတော်ဆိုရင်တော့ ချဉ်ငန်စပ် ရေဘ၀ဲသုပ်လေးကို ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:43
Rate this item
(1 Vote)