Thiland



ထိုင်းပီလောပီနံ ပြည်ပတင်ပို့မှု လျော့ကျ

ထိုင်းပီလောပီနံ ပြည်ပတင်ပို့မှု လျော့ကျ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ထိုင်းနိုင်ငံ၏  လတ်ဆတ်သော ပီလောပီနံဥ ထွက်ရှိမှုသည် ယခုနှစ်တွင် တန်ချိန် ၃၆ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားသည်။

.

ထိုင်းနိုင်ငံ၏ ပီလောပီနံနှင့် ပီလောပီနံထွက်ကုန်များ တင်ပို့မှုမှာ ယမန်နှစ်တွင် တန်ချိန် ၁၁ သန်း ရှိခဲ့ပြီး ယခုနှစ်အတွင်း တန်ချိန် ၉ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားသည်။

မိုးခေါင်ရေရှားမှုကြောင့် အထွက်နှုန်း လျော့ကျခဲ့သဖြင့် ပြည်ပတင်ပို့မှု လျော့ကျမည် ဖြစ်သည်။

.

နိုင်ငံခြားကုန်သွယ်မှုဌာနမှ ညွှန်ကြားရေးမှူးချုပ် Ronnarong Phoolpipat က ထိုင်းပီလောပီနံနှင့် ပီလောပီနံထွက်ကုန်များ ဝယ်လိုအား မြင့်မားနေကြောင်း ပြောကြားခဲ့သည်။

.

ဝယ်ယူသူများသည် ရရှိနိုင်သမျှ ပမာဏအားလုံးကို ဝယ်ယူရန် ဆန္ဒရှိသော်လည်း ယခုနှစ်တွင် ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုသည် မိုးခေါင်ရေရှားမှု အခြေအနေကြောင့် အထွက်နှုန်း ထိခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

အချို့တောင်သူလယ်သမားများသည် ပီလောပီနံ အစား ကြံ ပြောင်းလဲစိုက်ပျိုးခြင်းကြောင့်လည်း ပီလောပီနံ အထွက်လျော့ကျသည်။

.

လတ်လတ်ဆတ်ဆတ်ပီလောပီနံ ပေါက်ဈေးသည် တစ်ကီလိုလျှင် ၃ ဒသမ ၁၀ မှ ၃ ဒသမ ၅၅ ဘတ်အထိ ရှိသည်။ အစိုးရမှ အာမခံချက် ပေးထားသည့် ဈေးနှုန်း ၂ ဒသမ ၅၀ ထက် ဈေးပိုမြင့်သည်။

ယခုနှစ် ပထမငါးလအတွင်း ထိုင်းနိုင်ငံသည် ပီလောပီနံနှင့် ပီလောပီနံထွက်ကုန် တန်ချိန် ၄ ဒသမ ၇၃ သန်း တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ရှိသည်။

ပီလောပီနံ အပြားခြောက် Free-on-board (FOB) စျေးနှုန်းသည် တစ်တန်လျှင် ကန်ဒေါ်လာ ၂၆၅ ရှိသည်။ ယမန်နှစ်ကထက် ၇% ဈေးကျသည်။ တရုတ်နိုင်ငံက အရက်ချက်ရန် ကုန်ကြမ်းအဖြစ် ဝယ်ယုမှု လျော့နည်းသွားသဖြင့် ဈေးကျခြင်း ဖြစ်သည်။ 

.

ပီလောပီနံမှုန့် FOB စျေးနှုန်းမှာ  တစ်တန်လျှင် ကန်ဒေါ်လာ ၅၇၀ ဖြစ်သည်။ ယမန်နှစ်ကထက် ၅% ပိုများသည်။

.

ပီလောပီနံထွက်ကုန်များအတွက်တရုတ်နိုင်ငံသည်  ထိုင်းနိုင်ငံ၏ ထိပ်တန်းပို့ကုန်ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး တင်ပို့မှုစုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းကို တရုတ်ပြည်သို့ တင်ပို့သည်။

ဂျပန်သို့ ၇% ၊ အင်ဒိုနီးရှားသို့ ၅%၊ တောင်ကိုရီးယားသို့ ၃% ၊ အခြားနိုင်ငံများသို့ ၂၀% တင်ပို့သည်။

Source bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Wednesday, 28 June 2023 06:56
Rate this item
(0 votes)