Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းနှင့် ဗီယက်နမ် ပို့ကုန်ဆန်ဈေးနှုန်း မြှင့်တင်ရေး ဆွေးနွေးမည်

ထိုင်းနှင့် ဗီယက်နမ် ပို့ကုန်ဆန်ဈေးနှုန်း မြှင့်တင်ရေး ဆွေးနွေးမည်

 

ကမ္ဘာ့ဒုတိယနှင့် တတိယ ဆန်အများဆုံး တင်ပို့သည့် ဗီယက်နမ်နှင့် ထိုင်းတို့သည် ဆန်တင်ပို့မှု ဈေးနှုန်းမြှင့်တင်ရန် အောက်တိုဘာလတွင် ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း Asia Nikkei မှ သတင်းဖော်ပြပါသည်။

 

 Asia Concrete Products

 

ထိုင်းစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီး Chalermchai Sri-on သည် ဗီယက်နမ်နိုင်ငံသို့ အောက်တိုဘာ ၆ ရက်မှ ၇ ရက်အထိ သွားရောက်မည်ဖြစ်ပြီး ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး Le Minh Hoan နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ ဆန်တင်ပို့မှု အပါအဝင် နှစ်နိုင်ငံ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးဖို့ရှိကြောင်း ထိုင်းအစိုးရ အရာရှိများက ပြောသည်။

ဗီယက်နမ်နှင့် ထိုင်းတို့သည် ပို့ကုန်ဆန် ဈေးနှုန်းများကို ၂၀ ရာခိုင်နှုန်းခန့် မြှင့်တင်နိုင်လိမ့်မည်ဟု ခန့်မှန်းထားကြပါသည်။ 

 

ဆန်တင်ပို့မှု ဈေးနှုန်းမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ရန်  စက်တင်ဘာလအစောပိုင်းတွင် နှစ်နိုင်ငံ သဘောတူညီခဲ့သည်။

 

ဓာတ်မြေဩဇာ၊ စိုက်ပျိုးရေးသုံး ဓာတုဗေဒပစ္စည်းများနှင့် လောင်စာဆီ ကုန်ကျစရိတ်များ မြင့်တက်‌နေခြင်းကြောင့် ၎င်းတို့၏ စပါးစိုက်တောင်သူများ၏ ထုတ်လုပ်မှုစရိတ် မြင့်မားနေသည်ကို လက်ရှိဆန်ဈေးနှုန်းများက  မကာမိနိုင်ကြောင်း ပြောကြားသည်။

 

ထိုင်းနှင့် ဗီယက်နမ်တို့သည် သတ်မှတ်ထားသည့် လုပ်ကိုင်ဆောင်ရွက်ရမည့် အချက်များကို စိစစ်ရန် လုပ်ငန်းအဖွဲ့များကို မိမိနိုင်ငံတွင် အသီးသီး ထူထောင်မည်ဖြစ်သည်။

 

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ဂျုံဈေးများ သိသိသာသာ မြင့်တက်လာခဲ့သည်။ နှိုင်းယှဉ်ကြည့်လျှင် ဆန်ဈေးနှုန်းများ အတော်လေး တည်ငြိမ်နေခဲ့သည်။ 

 

ကမ္ဘာ့ဆန်အများဆုံးတင်ပို့သည့် အိန္ဒိယနိုင်ငံသည် ပြီးခဲ့သောသောကြာနေ့တွင် ပြဋ္ဌာန်းချက်အသစ်တွင် အကျုံးဝင်သော ဆန်အမျိုးအစားအချို့ တင်ပို့ခြင်းအပေါ် ပို့ကုန်ခွန် ၂၀% ချမှတ်ခဲ့သည်။ ပြည်တွင်း ဆန်ဖူလုံရေးအတွက်ဟု ဆိုသည်။

 

အိန္ဒိယ၏ အခွန်စည်းကြပ်မှု ချမှတ်ပြီးနောက် ဗီယက်နမ်တွင်  ဆန်တင်ပို့မှု ဈေးနှုန်းများ စတင်မြင့်တက်လာနေပြီဖြစ်သည်။ ထိုင်းတွင်လည်း မြင့်တက်သည်။ 

 

၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့ဆန်တင်ပို့မှု စုစုပေါင်း တန်ချိန် ၅၁ ဒသမ ၆၃ သန်း ရှိခဲ့သည်။

အိန္ဒိယသည် ကမ္ဘာ့ဆန်တင်ပို့မှု စုစုပေါင်း၏ ၄၁ ရာခိုင်နှုန်းကို တင်ပို့ခဲ့သည်။

ဗီယက်နမ်နှင့် ထိုင်းတို့က ၁၂% ဝန်းကျင် အသီးသီး ရှိခဲ့သည်။

တရုတ်နှင့် ဖိလစ်ပိုင်တို့သည် ကမ္ဘာ့ ဆန်အဓိကတင်သွင်းသည့် နိုင်ငံများ ဖြစ်သည်။

Source nikkei asia

#MyanmarFoodIndustryGuide 

 Telegram Channel https://t.me/Guid4U

 

 

Read times Last modified on Thursday, 22 September 2022 10:42
Rate this item
(0 votes)