Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ယမ်​ယမ်​​ခေါက်​ဆွဲ​ခြောက်ထောင်း ‌

ယမ်​ယမ်​​ခေါက်​ဆွဲ​ခြောက်ထောင်း ‌ google.com

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အစားအသောက် အသစ်အဆန်းစားချင်သူများအတွက်

ယမ်ယမ်ခေါက်ဆွဲခြောက်ထောင်းနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ယမ်​ယမ်​​ခေါက်​ဆွဲ​ခြောက်၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ခရမ်းကြွပ်သီး၊ ပဲတောင့်ရှည်၊ ပုစွန်ခြောက်၊ မြေပဲလှော်၊ ထန်းလျက်ခဲ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းအနီရောင်၊ ဆား၊ ငါးငံပြာရည်၊ သံပရာရည်တို့ လိုအပ်ပါမယ်။


ပထမဆုံး ယမ်​ယမ်​​ခေါက်​ဆွဲ​ခြောက်​ကို နူးအိ​အောင်​ပြုတ်​ပြီး ​ရေ​အေးလောင်းပြီး ရေစစ်​ပေးထားပါ။

 

ပြီးလျှင် သစ်သားငရုတ်ဆုံမှာ ထန်းလျက်ခဲကို အနည်းငယ်ကြေအောင် ဖိချေပြီး ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းအနီကို ညက်​​အောင်​​ရောထောင်းပေးထားပါ။

 

ပြီးတော့မှ ပုစွန်ခြောက်၊ မြေပဲလှော်နှင့် ငါးပိအနည်းငယ်ခန့်ထည့်ပြီး ကြိတ်ချေထားပါ။

 

ပုစွန်​​ခြောက်​မရှိရင် ပုစွန်​အစိမ်းကို အခွံခွာပြီး ဆား၊ သံပရာ​ရည်​နှင့်​နယ်​ကာ အစားထိုးထည့်​နိုင်ပါတယ်။

 

ပြီးနောက် သကြား၊ ငါးငံပြာရည်တို့ဖြင့် အရသာဖြည့်စွက်ပြီး သံပရာသီးကို အရည်ညှစ်ချကာ အခွံတွေပါထည့်၍ ရောမွှေပေးပါ။

 

ပြီးရင် ခရမ်းချဉ်သီး၊ ခရမ်းကြွပ်သီးတွေကို ပါးပါးလှီးထည့်ပြီး ပဲတောင့်ရှည်ကို လက်တစ်ဆစ်ခန့် လှီးထည့်လိုက်ပါ။

 

နောက်ဆုံးမှာ​​ရေစစ်​ထားတဲ့​ ခေါက်​ဆွဲပြုတ်​​တွေကို နှစ်​ပိုင်း​လောက်​ဖြတ်​ထည့်​ကာ အနည်းငယ်ထောင်းရုံပဲထောင်းပြီး ရောမွှေပေးပါ။

 

ပန်းကန်အပေါ်မှ လတ်ဆတ်သော ကန်စွန်းရိုးနီ၊ ဂေါ်ဖီတို့ဖြင့် တွဲဖက်၍သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:27
Rate this item
(1 Vote)