Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းက ဗီယက်နမ်ကို ကျော်တက်ပြီး ကမ္ဘာ့နံပါတ် (၂) ဆန်အများဆုံး တင်ပို့သည့် နိုင်ငံဖြစ်လာ

ထိုင်းက ဗီယက်နမ်ကို ကျော်တက်ပြီး ကမ္ဘာ့နံပါတ် (၂) ဆန်အများဆုံး တင်ပို့သည့် နိုင်ငံဖြစ်လာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်းနိုင်ငံသည် ယခုနှစ်တွင် ကမ္ဘာ့ဒုတိယအများဆုံး ဆန်တင်ပို့သူအဖြစ် ဗီယက်နမ်နိုင်ငံကို ကျော်တက်ရန် အလားအလာရှိနေကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း Thai Rice Exporters Association  (TREA) က ပြောကြားသည်။

 

အိန္ဒိယသည် ယခုနှစ် ပထမ ၁၀ လအတွင်း ဆန်တန်ချိန် ၁၇ ဒသမ ၀၆ သန်းဖြင့် တင်ပို့ခဲ့ပြီး ဆန်အများဆုံးတင်ပို့သည့်နိုင်ငံအဖြစ် ထိပ်ဆုံးမှာ ရောက်ရှိနေသည်။

ထိုင်းနိုင်ငံသည် တန်ချိန် ၆ ဒသမ ၀၂ သန်းဖြင့် ဒုတိယနေရာတွင် ရောက်ရှိနေကြောင်း TREA က ပြောကြားသည်။

 

ဗီယက်နမ်နိုင်ငံသည် ယမန်နှစ်က ကမ္ဘာ့နံပါတ် (၂) ဆန်အများဆုံး တင်ပို့သည့် နိုင်ငံ ဖြစ်ခဲ့သည်။

 ယခုနှစ်တွင် တန်ချိန် ၆.၀၁ သန်း တင်ပို့ပြီး တတိယနေရာတွင် ရှိနေသည်။

ပါကစ္စတန်နိုင်ငံက တန်ချိန် ၃.၄ သန်း တင်ပို့ပြီး စတုတ္ထနေရာတွင် ရှိနေသည်။

တန်ချိန် ၁.၉ သန်း တင်ပို့ထားသည့် အမေရိကန်နိုင်ငံက ပဉ္စမနေရာတွင် ရှိနေသည်။

 

ယခုနှစ်တွင် ဆန်တင်သွင်းမှု အများဆုံးနိုင်ငံမှာ အီရတ်နိုင်ငံဖြစ်ပြီး တန်ချိန် ၁.၃ သန်း တင်သွင်းခဲ့သည်။

တောင်အာဖရိကနိုင်ငံက တန်ချိန် ၀.၆၄ သန်း တင်သွင်းခဲ့ပြီး ဒုတိယနေရာတွင် ရှိနေသည်။

တတိယနေရာတွင် တန်ချိန် ၀.၅၄ သန်း တင်သွင်းခဲ့သည့် အမေရိကန်နိုင်ငံ ရှိနေသည်။

တရုတ်နိုင်ငံသည် တန်ချိန် ၀.၅၃ တင်သွင်းပြီး စတုတ္ထနေရာတွင် ရှိနေသည်။

ဘီနင်နိုင်ငံသည် တန်ချိန် ၀.၃ သန်း တင်သွင်းခဲ့ပြီး ပဉ္စမနေရာတွင် ရှိနေသည်။

 

TREA မှ ထုတ်ပြန်သည့် အချက်အလက်များအရ ထိုင်းနိုင်ငံသည် အောက်တိုဘာလတွင် တန်ချိန် ၀.၇၉ သန်း တင်ပို့ခဲ့ပါသည်။ စုစုပေါင်းတန်ဖိုးမှာ ဘတ် ၁၃.၉၇ ဘီလီယံ ဖြစ်သည်။

TREA က ယခုနှစ်တွင် ဆန်တန်ချိန် ၇.၅ သန်း တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသည်။ ယမန်နှစ်က တန်ချိန် ၆.၁၂ သန်း တင်ပို့ခဲ့ပါသည်။

ထိုင်းနိုင်ငံ၏ အကြီးဆုံးဆန်ဈေးကွက်များမှာ အီရတ်၊ တောင်အာဖရိက၊ အမေရိကန်၊ တရုတ်၊ ဘီနင်၊ ဂျပန်၊ ဆီနီဂေါနှင့် အင်ဂိုလာတို့ ဖြစ်ပါသည်။

Source nationthailand 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 09 December 2022 22:59
Rate this item
(0 votes)