Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးသံပရာပေါင်း

နေမကောင်းသူများအတွက် ခံတွင်းတွေ့စေမည့်အပြင် ပြုလုပ်ရတာလည်း လွယ်ကူတဲ့

ငါးသံပရာပေါင်းချက်နည်းကို မလုပ်တတ်သူများအတွက် ပြုလုပ်နည်းကို အောက်တွင် ဖော်ပြပေးထားပါတယ်။

 

ငါးသံပရာပေါင်းပြုလုပ်ရာတွင် လိုအပ်သည့် အမယ်များကတော့ ကကတစ်ငါးခပ်ကြီးကြီးတစ်ကောင်၊ စပါးလင်၊ ချင်း၊ ငရုတ်သီးစိမ်း၊ ပင်စိမ်း၊ ရှမ်းနံနံ၊ နံနံပင်၊ သံပရာရည်၊ ဆား၊ ငံပြာရည်၊ ကြက်သွန်ဖြူနှင့် ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။

 

ရေနွေးအိုးကို အရင်ဦးဆုံး တည်ထားရပါမယ်။ တည်ထားသည့် ရေနွေးအိုးထဲကို ငံပြာရည်အနည်းငယ်၊ သံပရာ အနည်းငယ်၊ ဆားနည်းနည်းနှင့် စပါးလင်ကို ထု၍ထည့်ပြီး ရေနွေးပွက်အောင်တည်ထားပေးပါ။

 

ငါးကို ပါးဟပ်ထုတ် ဗိုက်ခွဲ ကလီစာထုတ်၊ သန့်စင်အောင်ရေဆေးပြီးလျှင် ဓားနဲ့အနည်းငယ်မွှန်းထားပါ။ ပြီးနောက် ကြက်သားမှုန့်အနည်းငယ်၊ ငံပြာရည်အနည်းငယ်နှင့် နှပ်ထားပါ။

 

ဆော့အရည်အတွက် ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ ရှမ်းနံနံနှင့် ကြက်သွန်ဖြူတို့ကို ရောကြိတ်ထားပါ။ ပြီးနောက် ငံပြာရည်၊ ဟင်းခပ်မှုန့်အနည်းငယ်၊ ရေအနည်းငယ်ကို ပန်းကန်တစ်ခုထဲတွင်ထည့်ပြီး သမအောင်ရောမွှေပေးပါ။

 

ပြီးလျှင် ပြုလုပ်ထားသော ဆော့အရည်များကို ငါးပေါ်သို့လောင်းထည့်ပါ။ နံနံပင်အနည်းငယ်ထည့်ပြီး နာရီဝက်ခန့် ပေါင်းပေးပါ။

 

နောက်ဆုံး အစာ ချန်ထားတာလေးကို အပေါ်မှာဖြူးပေးပြီး သံပရာသီးကို ငါးအပေါ်မှ အကွင်းလေးများ လှီးထည့်လို့ ရပါပြီ။

 

သံပရာသီးကို စကတည်းက ထည့်တည်ရင် ခါးသွားတတ်သောကြောင့် မီးဖိုပေါ်မှချပြီးမှ ထည့်ရင်အမြင်လည်းလှပြီး စားကောင်းတဲ့ ငါးသံပရာပေါင်းဖြစ်သွားပါတယ်။ အရသာရှိတဲ့ ငါးသံပရာပေါင်းကို ထမင်းပူပူလေးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 17:57
Rate this item
(3 votes)