Thiland



ဒုတိယနှစ်ဝက် ထိုင်းဆန်တင်ပို့မှု အယ်လ်နီညိုကြောင့် အလားအလာ မြင့်မား

ဒုတိယနှစ်ဝက် ထိုင်းဆန်တင်ပို့မှု အယ်လ်နီညိုကြောင့် အလားအလာ မြင့်မား

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel 

 

ထိုင်းနိုင်ငံသည် အယ်လ်နီညို ရာသီဥတုဖြစ်စဉ်၏ သက်ရောက်မှုအပေါ်  စိုးရိမ်မှုများကြောင့် ဆန်ဝယ်ယူတင်သွင်းပြီး အရန်ဆန် သိုလှောင်ကြသဖြင့် ယခုနှစ်တွင် ဆန်တန်ချိန် ၉ သန်းအထိ တင်ပို့နိုင်ဖွယ် ရှိသည်။

.

ထိုင်းနိုင်ငံသည် ပထမနှစ်ဝက်တွင် ဆန်တန်ချိန် ၄ ဒသမ ၁ သန်း တင်ပို့နိုင်ခဲ့သည်။

ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse ၏ ပြောကြားချက်အရ  ယခုနှစ် ဒုတိယနှစ်ဝက်တွင် ဆန်တန်ချိန် ၄-၅ သန်းခန့် တင်ပို့ရန် အခွင့်အလမ်းကောင်းရှိနေသည်။

“ပို့ကုန်ဆန်ဈေးက ၁၁ နှစ်အတွင်း အမြင့်ဆုံးအဆင့်အထိ တက်လာတယ်” ဟု ၎င်းက ဆိုသည်။

“free-on-board FOB ထိုင်းဆန်ဖြူဈေးက တစ်တန်ကို ကန်ဒေါ်လာ ၅၁၀ အထိ တက်သွားတယ်။ ဗီယက်နမ်ဆန် ဈေးနှုန်းအတိုင်း ဖြစ်သွားတယ်။ အရင်တုန်းက ထိုင်းဆန်ထက် တစ်တန်လျှင် ဒေါ်လာ ၁၀၀ အထိ ဈေးသက်သာခဲ့တဲ့ အိန္ဒိယဆန်က ယခုအခါ တစ်တန် ကန်ဒေါ်လာ ၄၈၀ ဖြစ်နေပြီ"ဟု Mr Chookiat က ပြောကြားသည်။

.

ကမ္ဘာ့ဆန် အထွက်နှုန်း ကျဆင်းသွားစေနိုင်သည့် အယ်လ်နီညိုနှင့်စပ်လျဉ်း၍ အလွန်စိုးရိမ်ကြောင့်ကြမှုရှိနေကြကြောင်း Mr Chookiat က ပြောကြားသည်။ သို့ဖြစ်ရာ ဆန်ကို အသည်းအသန် ဝယ်ယူတင်သွင်းနေကြသည်။

နိုင်ငံအများအပြားသည် ဆန်ပြတ်လပ်မည့်အရေးက်ု အနည်းဆုံး လျှော့ချရန် အရန်ဆန်စပါး သိုလှောင်နေကြသည်။

အဓိက ဆန်တင်သွင်းသော နိုင်ငံအများအပြားတို့သည် ၎င်းတို့၏ အရန်ဆန် သိုလှောင်မှု ပမာဏကို တိုးမြင့်ထားကြသည်။

.

ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့က ဆန်ပိုမိုဝယ်ယူမည်ဟု ကြေညာခဲ့သည်။ ဖိလစ်ပိုင်သည် ဗီယက်နမ်ဆန် တန်ချိန် ၂ သန်း ဝယ်ယူထားပြီးဖြစ်သည်။ အင်ဒိုနီးရှားက တန်ချိန် ၁ သန်း တင်သွင်းနေပြီ ဖြစ်ပါသည်။

.

 မလေးရှားနိုင်ငံသည် ပြည်တွင်းထုတ်လုပ်မှု လျော့ကျခြင်းနှင့် သိုလှောင်မှု လက်ကျန်အခြေအနေအရ ဆန်တန်ချိန် ၁ ဒသမ ၂ သန်း တင်သွင်းရန် စီစဉ်ထားသည်။

မလေးရှားတွင် ဆန်ဈေးနှုန်း ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်သဖြင့် ထိုင်းဆန် ပိုမိုဝယ်ယူ တင်သွင်းမည် ဖြစ်သည်။ 

ဗီယက်နမ်သည် နှစ်စဉ်တင်ပို့နိုင်မှုမှာ တန်ချိန် ၇ သန်းဖြစ်သော်လည်း ပထမငါးလအတွင်း စုစုပေါင်းတန်ချိန် ၄ သန်း တင်ပို့ခဲ့သည်။ 

.

တရုတ်နိုင်ငံသည် ဗီယက်နမ်ဆန် တင်သွင်းမှုကို တိုးမြှင့်ခဲ့ပြီး ဆန်လက်ကျန် ပိုများအောင် စတင်စုဆောင်းလာခဲ့ကြောင်း ၎င်းက ဆိုသည်။

.

ထိုင်းနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် ဆန်တန်ချိန် ၆ ဒသမ ၃ သန်း တင်ပို့ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင်  ဆန်တန်ချိန် ၇ ဒသမ ၆၉ သန်း တင်ပို့ခဲ့သည်။

 

၂၀၂၂ ခုနှစ်တွင်  ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၂၁ ဒသမ ၉ သန်း တင်ပို့ခဲ့သည့် အိန္ဒိယပြီးနောက် နံပါတ် ၂ နေရာတွင် ရပ်တည်ခဲ့သည်။  ဗီယက်နမ်သည် ဆန်တင်ပို့မှု စုစုပေါင်းတန်ချိန် ၆ ဒသမ ၃၁ သန်းဖြင့် တတိယနေရာ ရရှိခဲ့သည်။

.

အီရတ်နိုင်ငံသည် ထိုင်းဆန်တန်ချိန် ၁ ဒသမ ၆ သန်းကို ယမန်နှစ်တွင် ဝယ်ယူတင်သွင်းခဲ့သည်။ ထိုင်းဆန် အများဆုံး တင်သွင်းခဲ့သည်။

တောင်အာဖရိကနိုင်ငံမှ ထိုင်းဆန် တန်ချိန် ၇၇၅,၀၀၀ တင်သွင်းခဲ့ပြီး ထိုင်းဆန် ဒုတိယအများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်သည်။

တရုတ်သည် ထိုင်းဆန် တန်ချိန် ၇၅၀,၀၀၀ တင်သွင်းခဲ့ပြီး အမေရိကန်သည် တန်ချိန် ၆၅၀,၀၀၀ တင်သွင်းခဲ့သည်။ ဘီနင်သည် တန်ချိန် ၃၂၁,၀၀၀ တင်သွင်းခဲ့သည်။

.

အယ်လ်နီညို သက်ရောက်မှုအတွက်  မိုးရွာသွန်းမှုရေချိန်ကို ဇူလိုင်လမှ စက်တင်ဘာလအထိ စောင့်ကြည့်ဖို့ လိုအပ်ကြောင်း Mr Chookiat က ပြောကြားသည်။

၎င်းကာလအတွင်း   မိုးရွာသွန်းမှုရေချိန် ကျဆင်းကျဆင်းသွားပါက မိုးရွာသွန်းမှုအပေါ် မှီခိုနေရသော စပါးထွက်ရှိမှုကို ထိခိုက်စေမည်ဖြစ်သည်။

.

မိုးရွာသွန်းမှု လျော့နည်းခြင်းကြောင့် ထိုင်းဆန်ထုတ်လုပ်မှုသည် ပုံမှန်အထွက်နှုန်းထက် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ လျော့ကျသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

.

ပြည်တွင်း စပါးဈေးသည် တစ်တန်လျှင် ဘတ် ၁၁,၀၀၀ အထိ ရောက်ရှိနေသည်။

Source bangkokpost 

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel 

Read times Last modified on Sunday, 16 July 2023 09:57
Rate this item
(0 votes)